1. Home
  2. Myanmar News

အခြားဘဏ်စက်မှ ATM ကတ်ဖြင့်ငွေထုတ်ယူမှုအတွက် ဝန်ဆောင်ခတိုးမြှင့်ကောက်ခံ

Myanmar News พ.ย. 29, 2560 view 1,637

ATM ကတ်ကို အသုံးပြုပြီး မိမိငွေစုထားသော သက်ဆိုင်ရာဘဏ်မဟုတ်သည့် အခြားဘဏ်၏ ငွေထုတ်စက်များတွင် သွားရောက်ငွေထူတ်ယူမည်ဆိုပါက ဝန်ဆောင်မှုကို ကျပ် တစ်သိန်းလျှင် ၂၀၀ ကျပ် ကောက်ခံနေသည့်အစား ၅၀၀ ကျပ်တိုးမြှင့် ကောက်ခံတော့မည်ဖြစ်ကြောင်း Myanmar Payment Union(MPU) မှသိရှိရသည်။

MPU အဖွဲ့ဝင်ဘဏ်များတွင် အစိုးရဘဏ်များဖြစ်သော မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့နိုင်ငံခြားကုန်သွယ်ရေးဘဏ်၊ မြန်မာ့ရင်းနှီးမြုတ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်များနှင့် ပုဂ္ဂလိကဘဏ် ၂၀ ပါဝင်ရာ စုစုစုပေါင်း ၂၃ ဘဏ်ရှိကြောင်းသိရှိရသည်။


လက်ရှိတွင် MPU ကတ်များနဲ့ အွန်လိုင်းမှ ဈေးဝယ်မှုများ ပြုလုပ်နိုင်နေပြီး သက်ဆိုင်ရာ ဘဏ်အခြင်းခြင်း ငွေလွှဲနိုင်ပြီး ဝန်ဆောင်မှုများလည်း တိုးမြှင့်သွားမည်ဖြစ်ကြောင်း ဒီမိုကရေစီတူဒေးသတင်းမှ ကောက်နုတ် ဖော်ပြပါသည်။

 



Follow us on