1. Home
  2. Good Morning Myanmar

နီပေါတွင် ပြည်တွင်းစစ်အလွန် ပထမဆုံးရွေးကောက်ပွဲကျင်းပ

Good Morning Myanmar พ.ย. 29, 2560 view 1,507
နီပေါနိုင်ငံမှာ ဘုရင်စနစ်ဖျက်သိမ်းအပြီး ပြည်တွင်းစစ်ပြီးဆုံးချိန်မှာ ပထမဆုံးအထွေထွေ ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီဖြစ်ပါတယ်။ရွေးကောက်ပွဲပထမအကြော့ကို နိုဝင်ဘာ(၂၆)ရက်မှာ စတင်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ(၇)ရက်မှာ ဒုတိယအကြော့ကျင်းပမှာဖြစ်ပါတယ်။ နိုဝင်ဘာလ ၂၆ ရက်မှာ ကျင်းပခဲ့တဲ့ နီပေါအထွေထွေရွေးကောက်ပွဲမှာတော့ အဓိပါတီကြီးနှစ်ခုဖြစ်တဲ့ နီပေါကွန်ဂရက်ပါတီနဲ့မော်ဝါဒီသူပုန်ဟောင်းတွေနဲ့ မဟာမိတ်ဖြစ်တဲ့ အတိုက်အခံ့ UML ကွန်မြူနစ်ပါတီတို့ ပါဝင်ယှဉ်ပြိုင်နေကြပါတယ်။
 
နီပေါနိုင်ငံသား (၁၅)သန်း ဟာ အခုရွေးကောက်ပွဲမှာ လွှတ်တော်အမတ်တွေနဲ့ပြည်နယ်အမတ်နေရာတွေအတွက် မဲမေးရွေးချယ်ကြမှာ ဖြစ်ပါတယ်။နီပေါနိုင်ငံအတွင်းက ဝေးလံခေါင်သီတဲ့အရပ်မှာ နေထိုင်ကြတဲ့ မဲဆန်္ဒရှင်တွေဟာ မဲရုံတွေမှာမဲထည့်ဖို့ နာရီချီအောင်လမ်းလျှောက်ခဲ့ကြပါတယ်။
နီပေါရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲ ယော့ဟီးပရာဆက်ယာဒက် ကတော့ နီပေါနိုင်ငံခရိုင်ပေါင်း(၃၂)ခုမှာ ကျင်းပတဲ့တဲ့ပထမအကြော့ရွေးကောက်ပွဲ အောင်အောင်မြင်မြင်ကျင်းပနိုင်ပြီဖြစ်တယ်ဆိုတာကို ကြေညာထားပါတယ်။မဲပေးချိန်အတွင်း ပေါက်ကွဲနိုင်တဲ့ ပစ်္စည်းတစ်ခု မဲရုံတစ်ရုံမှာတွေ့ရှိခဲ့တာအပြင် နောက်ထပ်မဲရုံ(၂)ရုံရဲ့မဲပုံးတွေမှာ အက်ဆစ်တွေဖြန်းတာတာတွေကိုတွေ့ရှိခဲ့တာတွေကြောင့် အဲဒီမဲရုံ (၃)ရုံမှာ မဲပေးမှု ခေတ္တဆိုင်းငံ့ခဲ့ရပါတယ်။
 
ဒါပေမဲ့ မဲပေးမှုဟာ ငြိမ်းငြိမ်းချမ်းချမ်းပြီးဆုံးခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင်အကြီးအကဲက ပြောပါတယ်။ကျန်ရှိနေတဲ့ခရိုင်(၄၅)ခုမှာ ဒုတိယ အကြော့ ရွေးကောက်ပွဲ အောင်အောင်မြင်မြင်ကျင်းပနိုင်ရေးအာရုံထားနေပြီလို့လည်း ကော်မရှင် အကြီးအကဲက ပြောပါတယ်။နီပေါလုံခြုံရေးတပ်ဖွဲ့တွေနဲ့ မော်သူပုန်တွေကြားမှာ (၁၀)နှစ်ကြာတဲ့ပြည်တွင်းစစ် ဖြစ်ပွားပြီးတဲ့နောက်ပြုလုပ်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေကနေ ထွက်ပေါ်လာတဲ့(၂၀၁၅)ခုနှစ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကြောင့် နီပေါနိုင်ငံရဲ့အခုလို နိုင်ငံရေးစနစ်ပြောင်းလဲခြင်းဖြစ်ပေါ်လာတာပါ။
 
https://www.facebook.com/GoodMorningMyanmarLive/videos/2162846293741489/


Follow us on