1. Home
  2. Good Morning Myanmar

ဂျပန်တွင် နျူကလီးယားလက်နက်ဖျက်သိမ်းရေး အစည်းအဝေးပြုလုပ်

Good Morning Myanmar พ.ย. 29, 2560 view 1,500
ဂျပန်နိုင်ငံ၊ဟီရိုရှီးမားမြို့မှာ(၂)ရက်ကြာမယ့် နိုင်ငံတကာ နျူကလီးယားလက်နက် ဖျက်သိမ်းရေး အစည်းအဝေးတစ်ခုပြုလုပ်နေပြီး နိုင်ငံတကာကနျူကလီးယားဆိုင်ရာကျွမ်းကျင်သူတွေ တက်ရောက် ဆွေးနွေးနေပါတယ်။နိုင်ငံတကာ နျူကလီးယား လက်နက်ဖျက်သိမ်းရေးအစည်းအဝေးကို ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့မှာ နိုဝင်ဘာလ(၂၇)ရက်မှာ စတင်ပြုလုပ်နေပါတယ်။
အစည်းအဝေးဟာ (၂)ရက် ကြာမြင့်မှာဖြစ်ပြီး နျူကလီးယားလက်နက်ဖျက်သိမ်းရေးနဲ့ နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတွေနဲ့မပိုင်ဆိုင်တဲ့နိုင်ငံတွေကြားကကွာခြားချက်ကို ဘယ်လိုလျှော့ချနိုင်မလဲဆိုတာကို ဆွေးနွေး သွားမှာပါ။အစည်းအဝေးကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးဆောင်ကျင်းပတာဖြစ်ပါတယ်။
 
အစည်းအဝေးဖွင့်ပွဲအခမ်းအနားမှာ အာဏာရလစ်ဘရယ်ဒီမိုကရက် တစ်ပါတီရဲ့မူဝါဒလေ့လာရေး ကောင်စီရဲ့ဥက္ကဌဖြစ်တဲ့ ကီရှီဒါကမိန့်ခွန်းပြောခဲ့ပါတယ်။ နျူကလီးယား လက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတွေဟာ နျူကလီးယားလက်နက်ဖျက်သိမ်းရေးမှာပါဝင်ရမှာဖြစ်တယ်လို့ ကီရှီဒါကပြောပါ တယ်။
ကမ္ဘာမှာ နျူကလီးယားလက်နက်ကင်းစင်ဖို့ နိုင်ငံတကာရဲ့ပူးပေါင်းဆောင်ရွက်မှု တွေကို ဒီအစည်းအဝေးက ကူညီပေးမှာဖြစ်တယ်လို့လည်းသူကပြောပါတယ်။
 
ကုလသမဂ္ဂက ပြီးခဲ့တဲ့ဇူလိုင်လမှာ နျူကလီးယားလက်နက်ကန့်သတ်ရေးစာချုပ်ချုပ်ဆိုခဲ့ပြီးနောက် နျူကလီးယား ပိုင်တဲ့နိုင်ငံတွေနဲ့ မပိုင်တဲ့နိုင်ငံတွေကြားမှာ ကွာခြားချက်တွေရှိလာခဲ့ပါတယ်။
ကန့်သတ်ရေးစာချုပ်ကို လက်မှတ်မထိုးခဲ့တဲ့အတွက် ဂျပန်အစိုးရဟာ ဝေဖန်မှုတွေကြုံနေရပြီး ဒီအစည်းအဝေးကနေတစ်ဆင့် လာမယ့်နှစ်ဧပြီလမှာပြုလုပ်မယ့် နျူကလီးယားလက်နက်ကန့်သတ်မှုပြန်လည်သုံးသပ်ရေး အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ဖွယ်ရှိနေပါတယ်။
 
https://www.facebook.com/GoodMorningMyanmarLive/videos/2162820357077416/


Follow us on