1. Home
  2. Special or Others

လက်ပစ်ဗုံးနဲ့ ဆယ်လ်ဖီတင်သူ ရုရှားလူငယ် ဗုံးပေါက်ကွဲသေဆုံး

Special or Others พ.ย. 29, 2560 view 1,544

လူမှုကွန်ယက်ထွန်းကားလာတာနဲ့အမျှ အခြားသူများ သတိထား ဂရုစိုက်မိအောင် နည်းမျိုးစုံနဲ့လုပ်ပြီး အွန်လိုင်းပေါ်မှာ ထင်ရှားကျော်ကြားလာအောင် ကြိုးပမ်းကြသူတွေ အပြိုင်အဆိုင် ပေါ်လာပါတယ်။


ရုရှားနိုင်ငံမှ Alexander Sasha Chechik ဆိုသူက လက်ပစ်ဗုံးကို ကိုင်ထားတဲ့ ဆယ်လဖီဓါတ်ပုံရိုက်ရင်း ဗုံးပေါက်ကွဲကာသေဆုံးခဲ့ပါတယ်။ သတင်းများအရ Sasha ဟာ သူ့ရဲ့ ကားထဲကနေ စနက်တံကွင်းဖြုတ်ထားတဲ့ လက်ပစ်ဗုံးကို လက်တစ်ဖက်က ဆုပ်ကိုင်ထားရင်း နောက်တစ်ဖက်က သူ့သူငယ်ချင်းနဲ့ အပြန်အလှန် မက်ဆေ့ရိုက်ပို့နေခဲ့ပါတယ်။ သူ့သူငယ်ချင်းဖြစ်သူက ပုံကိုတွေ့ပြီး အန္တရာယ်ရှိတယ် မဆော့နဲ့ သတိထားလို့ စာပြန်ပို့ချိန်မှာ သူဘက်က ဘာမှအကြောင်းပြန်မလာတော့ပါဘူး။

ရဲများရဲ့ အဆိုအရ သူဟာလက်ပစ်ဗုံးကို စနက်တံကွင်း ဖြုတ်ထားပေးမယ့် သူအဝေးကို မပစ်မခြင်း ပေါက်ကွဲမှုဖြစ်မှာမဟုတ်ဘူးလို့ ထင်ထားခဲ့ပြီး လက်ထဲမှာ ဆုပ်ကိုင်ထားရင်း တစ်ဖက်က စာရိုက်နေခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဗုံးပေါက်ကွဲပြီး ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။


ယခုအဖြစ်ပျက်ကြောင့် ရဲတွေဟာ တရားမဝင်လက်နက်ခဲယမ်း ရောင်းဝယ်ဖောက်ကားမှုတွေ ရှိနေတယ်ဆိုတာကိုပါ စမ်းစစ်မိလာပါတယ်။ သေဆုံးမှုကိုတော့ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရှိရသည်။
 



Follow us on