1. Home
  2. Good Morning Myanmar

ဂျပန်တွင် လူသေများပါသော စက်လှေတစ်စင်း သောင်တင်ခဲ့

Good Morning Myanmar พ.ย. 30, 2560 view 1,478
ဂျပန်နိုင်ငံမြောက်ပိုင်း အာကီတာစီရင်စုက ကမ်းခြေမှာ သေဆုံးပြီးလူ(၈)ဦးပါတဲ့ စက်လှေတစ်စီး တနင်္လာနေ့မနက်ပိုင်းမှာ သောင်တင်ခဲ့ပါတယ်။ခန်္ဓာကိုယ်အစိတ်အပိုင်းတချို့က ပုပ်နေပြီဖြစ်တဲ့ လူသေတွေကိုတွေ့ခဲ့ရပြီး စက်လှေကို တွေ့တွေ့ချင်းမှာတင် စုံစမ်းစစ်ဆေးမှုတွေစတင်လုပ်ဆောင် နေပြီဖြစ်တယ်လို့ ဂျပန်ရေကြောင်းအာဏာပိုင်တွေကပြောပါတယ်။စက်လှေပေါ်မှာ အသက်ရှင်ကျန်ရစ်သူ မရှိတဲ့အပြင် သင်္ဘောပေါ်ကလူသေတွေဟာ ဘယ်အသက်အရွယ်လဲဆိုတာနဲ့ ယောက်ကျားလား၊ မိန်းမလားဆိုတာကို မသိသေးဘူးလို့လည်းပြောပါတယ်။
 
`
စက်လှေဟာ(၇)မီတာလောက်ရှည်ပြီး သင်္ဘောကိုယ်ထည်ပေါ်မှာ ဂဏန်း(၈)လုံး ရေးထိုးထားတာကို တွေ့ရတယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။စက်လှေရဲ့ဒလက်တွေက ပျက်နေပြီး လမ်းကြောင်းပြကိရိယာတွေကလည်း ပျက်စီးနေပါတယ်။စက်လှေပေါ်မှာ ငါးဖမ်းကိရိယာတွေ မတွေ့ရပါဘူး။ဂျပန်စက်လှေတွေ ပျောက်ဆုံးနေတယ်ဆိုတဲ့ တိုင်ကြားချက်မျိုးမရှိဘူးလို့ ရေကြောင်း အာဏာပိုင်တွေကပြောပါတယ်။ပြီးခဲ့တဲ့တစ်ပတ်တုန်းကလည်း မြောက်ကိုရီးယားနိုင်ငံသားတွေလို့ ယူဆရသူ(၈)ဦးပါတဲ့လှေတစ်စီးဟာ အာကီတာစီရင်စုမှာပဲ သောင်တင်ခဲ့ပါတယ်။ကိုရီးယားကျွန်းဆွယ် ဘက်ကလာတယ်လို့ ယူဆရတဲ့သင်္ဘောတွေဟာ ဂျပန်ရေပိုင်နက်ထဲမှာ သောင်တင်တာတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။
 
 
https://www.facebook.com/GoodMorningMyanmarLive/videos/2164960836863368/


Follow us on