(၂၀၁၇) ခုနှစ်အတွက်ဖော်မြူလာဝမ်းချန်ပီယံဆုကိုရရှိခဲ့တဲ့ မာစီးဒီးကားမောင်းသမားဟာမီလ်တန်အနေနဲ့ အမေရိကန်ဂရမ်းပရီပြိုင်ပွဲနောက်ပိုင်း ကျင်းပခဲ့တဲ့ဂရမ်းပရီပြိုင်ပွဲတွေမှာ ဗိုလ်စွဲနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။
ဟာမီလ်တန်အနေနဲ့ အနီးကပ်ဆုံးပြိုင်ဘက်ဖြစ်တဲ့ ဖာရာရီအသင်းကားမောင်းသမား ဗက်တဲလ်ကို ရမှတ် (၄၆) မှတ်အထိဖြတ်ပြီး (၂၀၁၇) ခုနှစ်၊ ဖော်မြူလာဝမ်းချန်ပီယံဆုကိုဆွတ်ခူးနိုင်ခဲ့ပေမဲ့ နောက်ပိုင်းပြိုင်ပွဲတွေမှာတော့ စွမ်းဆောင်ရည်တွေ အတော်လေးကျဆင်းလာခဲ့ပါတယ်။
ဟာမီလ်တန်နောက်ဆုံးဗိုလ်စွဲနိုင်ခဲ့တဲ့ ဂရန်း ပရီပြိုင်ပွဲက အောက်တိုဘာလ (၂၂) ရက်နေ့ကကျင်းပပြီးစီးခဲ့တဲ့ အမေရိကန်ဂရန်းပရီပြိုင်ပွဲမှာဖြစ်ပြီး၊အဲ့ဒီ ပြိုင်ပွဲနောက်ပိုင်းကျင်းပခဲ့တဲ့ ဂရန်းပရီပြိုင်ပွဲ (၃) ခုလုံးမှာ သူ့အနေနဲ့ဗိုလ်စွဲနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။အောက် တိုဘာလ (၂၉) ရက်နေ့ကကျင်းပခဲ့တဲ့ မက္ကဆီကန်ဂရန်းပရီပြိုင်ပွဲမှာ ဟာမီလ်တန်အနေနဲ့ ယခုနှစ်ရာသီ အဆိုး ရွားဆုံးစွမ်းဆောင်ရည်အဖြစ် အဆင့် (၉) နေရာမှသာ ပန်းဝင်နိုင်ခဲ့ပါတယ်။

နိုဝင်ဘာလ (၁၂) ရက်နေ့မှာ ကျင်းပပြီးစီးခဲ့တဲ့ ဘရာဇီးလ်ဂရန်းပရီပြိုင်ပွဲမှာလည်း အဆင့် (၄) နေရာမှသာပန်းဝင်နိုင်ခဲ့သလို၊နိုဝင်ဘာလ (၂၆) ရက်နေ့မှာ ကျင်းပပြီးစီးခဲ့တဲ့ အဘူဒါဘီဂရန်းပရီမှာလည်း အဆင့် (၂) နေရာမှသာပန်းဝင်ခဲ့ပါတယ်။ နောက်ပိုင်းပွဲစဉ်တွေမှာ စွမ်းဆောင်ရည်တွေလျော့ကျလာခဲ့ပေမယ့် ဟာလ်မီတန်ဟာ ဒုတိယနေရာမှ ဖာရာရီ အသင်းကားမောင်းသမား ဗက်တဲလ်နဲ့ရမှတ်ကွာဟမှုကြောင့် သူ့ရဲ့ (၄) ကြိမ်မြောက် ဖော်မြူလာဝမ်းချန်ပီယံဆု ကို မက္ကဆီကန်ဂရန်းပရီပြိုင်ပွဲအပြီးထဲက ဆွတ်ခူးနိုင်ခဲ့ပါတယ်။ (၂၀၁၇) ခုနှစ် ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲပြီးဆုံးချိန် မှာ မာစီးဒီးကားမောင်းသမား ဟာမီလ်တန်ကရမှတ်စုစုပေါင်း (၃၆၃) မှတ်နဲ့ အဆင့် (၁) နေရာမှာရပ်တည် နေပြီး၊ဖာရာရီအသင်းကားမောင်းသမား ဗက်တဲလ် ရမှတ် (၃၁၇) မှတ်နဲ့ ဒုတိယနေရာမှာရပ်တည်နေပါတယ်။ အသင်းလိုက်အဆင့်ရပ်တည်မှုမှာတော့ မာစီးဒီးအသင်းက ရမှတ်စုစုပေါင်း (၆၆၈) မှတ်နဲ့ အဆင့် (၁) နေရာမှာ ရပ်တည်နေပြီး၊ဖာရာရီအသင်းက ရမှတ် (၅၂၂) မှတ်နဲ့ ဒုတိယနေရာမှာရပ်တည်နေတယ်လို့သိရပါတယ်။