1. Home
  2. Special or Others

မူးယစ်ရာဇာတို့၏ ငွေကြေးများ ခဝါချပေးသူ မြန်မာအမျိုးသမီးကို ထိုင်းရဲအဖွဲ့ဖမ်းဆီး

Special or Others พ.ย. 30, 2560 view 1,453

ထိုင်းနိုင်ငံမြောက်ပိုင်းဒေသမှ မူးယစ်ဆေးဝါးလုပ်ကိုင်သူ မူးယစ်ရာဇာတို့၏ ငွေကြေးများကို လက်ခံခဲ့ပြီး ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အတွင်း ရင်းနှီးမြုတ်နှံပေးနေသည်ဟူသော စွပ်စွဲချက်ဖြင့် မြန်မာအမျိုးသမီးတစ်ဦးကို ထိုင်းရဲအဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။


မနန်းမြင့်သိန်းအေး ဟာ ဆယ်နှစ်တာကာလအတွင်းမှာ မူးယစ်ဆေးဝါးရောင်းချမှုကရရှိလာတဲ့ တရားမဝင် ဘတ်ငွေသန်းပေါင်း တစ်သောင်းနှစ်ထောင်ကျော်ကို ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အတွင်း ရင်းနှီးမြုတ်နှံမှုများ ပြုလုပ်ကာ ငွေကြေးခဝါချပေးခဲ့သူအဖြစ် မေလ ၂၀၁၆ ခုနှစ်ထဲ ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်ပါတယ်။

သူမကို ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်အတွင်းမှာ ဖမ်းဆီးလိုက်ပြီး သူမနဲ့ဆက်နွယ်နေတဲ့ နေရာခြောက်နေရာကိုလည်း ရဲတပ်ဖွဲ့တွေ ဝင်ရောက်ရှာဖွေ စစ်ဆေးမှုတွေပြုလုပ်နေပါတယ်လို့ မူးယစ်ဆေးတိုက်ဖျက်ရေး အရာရှိကြီး Maj. Gen. Sommai Kongpai Sukpop ရဲဗိုလ်ချုပ် စုန်မိုင် ကောင်ဝိဆိုင်စို့က ဦးဆောင်ကာ သတင်းထုတ်ပြန်ခဲ့ပါတယ်။


ထိုင်းနိုင်ငံက ဆုငွေ ဘတ်(၃)သိန်း ထုတ်ထားတဲ့ ထိုင်းနိုင်ငံသား နိုင်ကောင် ဖထုံမနီ ရဲ့ ဘဏ်စာရင်းတွေ အဝင်အထွက်ကိုစစ်ဆေးရင်းနဲ့ သူမကိုခြေရာခံဖမ်းမိခဲ့တာပါ။
တာချီလိတ်မှာ ဖုန်းဆိုင်တွေ အဖျော်ယမကာ အရောင်းဆိုင်နဲ့ မီနီစတိုးတွေဖွင့်
ထားပါတယ်။

မယ်ဆိုင်မြို့မှာဆိုရင် ရတနာ ဆိုင်ကြီးတွေကို ဟန်ပြဖွင့်ထားတာဖြစ်တယ်၊ ဆက်လက်ပြီး နန်းမြင့်သိမ်းအေးဟာ ရှမ်းပြည်နယ်အတွင်းက မူးယစ်စိုက်ပျိုး ထုတ်လုပ်နေကြတဲ့ လက်လက်နက်ကိုင်အင်အားစုတွေနဲ့ပါ ပါဝင်ပါတ်သက်နေကြောင်းကိုလည်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တွေကိုဖေါ်ပြထားတဲ့ သတင်းတွေမှာရေးသားနေကြပါတယ်။
တရားခံနဲ့အဓိက ဆက်နွယ်ပြီး ပူးပေါင်းလုပ်ကိုင်နေကြတဲ့ ထိုင်းနိုင်ငံသားတွေကိုပါ ဆက်လက်ဖေါ်ထုတ် အရေးယူသွားမှာဖြစ်ကြောင်း ထိုင်းနိုင်ငံသတင်းများကို ရေးသားသူ SAW က ဖော်ပြထားပါတယ်။



Follow us on