1. Home
  2. Good Morning Myanmar

ထိုင်းနိုင်ငံတွင် လေးရက်ဆက်တိုက် မုတ်သုန်မိုး ရွာသွန်းမှုကြောင့် ရေကြီးနေ

Good Morning Myanmar พ.ย. 30, 2560 view 1,553
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရွာသွန်းခဲ့တဲ့မုတ်သုန်မိုးကြောင့် နိုင်ငံတောင်ပိုင်း ခရိုင်တွေမှာ ရေကြီးတာတွေဖြစ်ပွားနေပါတယ်။တစ်ချိန်တည်းမှာပဲ မိုးရွာသွန်းနိုင်တယ်လို့ ထိုင်းမိုးလေ၀သဌာနက ခန့်မှန်းထားပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းက ခရိုင် ၁၄ ခုမှာ မိုးသည်းတာတွေဖြစ်ပွားခဲ့ပြီးတဲ့နောက် မြစ်ရေမျက်နှာပြင်တွေမြင့်တက်ပြီး ရေကြီးတာတွေဖြစ်ပွားနေပါတယ်။
 
ဆူနိုင်ခိုလော့ မြစ်ရေလျှံနေ တာကြောင့် ထိုင်း-မလေးရှားနယ်စပ်တစ်လျှောက်မှာ ရေကြီးမှုတွေ ဖြစ်ပွားနေပါတယ်။နရာသီဝပ် ခရိုင်မှာတော့ သစ်သီးစိုက်ခင်းတွေနဲ့ရာဘာစိုက်ခင်းတွေမှာ ရေတွေမြုပ်ကုန်လို့ ဒေသခံအာဏာပိုင် တွေဟာ ဒေသခံတွေကို ရေဘေးလွတ်ရာပြောင်းရွှေ့ပေးနေရသလို ကျောင်းတွေမှာ ရေဘေးရှောင် စခန်းတွေ ဖွင့်ပေးနေရပါတယ်။ယာလာခရိုင်မှာတော့ ဒေသခံတစ်ဦးဟာ မြစ်ထဲမှာ ငါးမျှားနေတုန်း ရေစီးနဲ့မျောပါခဲ့ပြီးနောက် သေဆုံးခဲ့ပါတယ်။လက်ရှိ ရေကြီးမှုတွေကြောင့် ပျောက်ဆုံးနေသူ ၂ ဦးထက်မနည်းရှိနေပါတယ်။
 
ဆာတွန်ခရိုင်မှာတော့ ရုတ်တရက်ရေကြီးမှုတွေကြောင့် ဒေသတွင်းလမ်းတွေ၊ အိမ်တွေနဲ့သစ်သီးခြံတွေပျက်စီးခဲ့ပါတယ်။တရန်ခရိုင်မှာတော့ မြို့နယ် ၅ ခုဟာ ရေကြီးမှုတွေ ဖြစ်နေပြီး နေရာတော်တော်များများမှာ တစ်ပေကျော်အထိ ရေမြုပ်နေလို့ စာသင်ကျောင်းတစ်ချို့ ပိတ်ခဲ့ရပါတယ်။ဆောင်ခလာခရိုင်မှာတော့ ရေကြီးမှုဖြစ်ပွားခဲ့တာကြောင့် ဟတ်ယိုင်တက်္ကသိုလ်နဲ့ စာသင်ကျောင်း ၁၈ ကျောင်းတို့မှာ စာသင်ချိန်တွေရပ်ဆိုင်းခဲ့ရပါတယ်။ထိုင်းနိုင်ငံတောင်ပိုင်း ခရိုင်တော်တော်များများမှာ ရေလွှမ်းမှုတွေရှိနေခဲ့တာကြောင့် အခုရုတ်တရက်ရေကြီးမှုဟာ ရွှေ့ပြောင်း နေရာချထားရေးနဲ့ ပြန်လည်ထူထောင်ရေးလိုအပ်တဲ့ အရေးပေါ်အခြေအနေကို ဦးတည်နေစေ တာလည်းဖြစ်ပါတယ်။
 
 
https://www.facebook.com/GoodMorningMyanmarLive/videos/2164936130199172/
 


Follow us on