1. Home
  2. Myanmar News

ဲ့ ကြက်သွန်နီအသစ်တွေ အဝင်နည်းနေတာကြောင့် လက်ရှိဈေးထက် တက် လာနိုင်သေးတယ်

Myanmar News พ.ย. 30, 2560 view 1,491

ဲ့ ကြက်သွန်နီအသစ်တွေ အဝင်နည်းနေတာကြောင့် လက်ရှိဈေးထက် တက် လာနိုင်သေးတယ် လက်ရှိမှာ ကြက်သွန်နီ ဈေးအမြင့်ဆုံးအထိ ရောက်ရှိနေပေမဲ့ ကြက်သွန်နီအသစ်တွေ အဝင်နည်းနေတာကြောင့် လက်ရှိဈေးထက် တက် လာနိုင်သေးတယ်လို့ ဆိုပါတယ်။ ပျော်ဘွယ်မြို့က ကြက်သွန်နီ ကုန်သည် ဦးအေးဆွေက

“အသစ်ဝင်တာနည်းတာက ဒီနှစ်မိုးများပြီး အထွက်နှုန်းတွေ လျော့ကျတာ လေ၊ အသစ်စပေါ်ခါစမို့ ဝင်တာ နည်းနေတာ မဟုတ်ဘူး၊ အထွက်ကိုက လျော့ကျတာ၊ နောက်တစ် လလောက်အထိကတော့ ဈေးက ဆက်တက်နေဦးမယ် ထင်တာပဲ”လို့ ပြောပါတယ်။

လက်ရှိအချိန်ဟာ ကြက်သွန် နီလှောင်ကုန်တွေ ပစ္စည်းပြတ်ချိန် ရောက်လာပြီး ကြက်သွန်နီအသစ်တွေလည်း အဝင်နည်းနေသေးတဲ့ အချိန် ဖြစ်ပါတယ်။ ဇန်နဝါရီလ လောက်မှာ အသစ်တွေ လှိုင်လှိုင်ပေါ်မှာပါ။ လက်ရှိမှာ ကြက်သွန်နီရှယ်စ တစ်ပိဿာကို ၃၀၅၀ ကျပ်အထိ ရောက်ရှိနေပါတယ်။ အနိမ့်ဆုံး ဈေးမှာတောင် ကျပ်၂၇၀ဝ အထိ ရှိ နေတာပါ။ ဘုရင့်နောင်ဈေးကွက်ရဲ့ ကြက်သွန်နီကား အဝင်က လည်း နိုဝင်ဘာလ အစပိုင်း လောက်က တစ်နေ့ကို ကားအစီး ရေ ၂၀ ကျော် ပုံမှန်ဝင်ရောက်ပေမဲ့ အခုဆိုရင် တစ်နေ့ကို ၁၅ စီး ဝန်းကျင်လောက်သာ ဝင်ရောက်ပါ တယ်။

ဘုရင့်နောင် ကြက်သွန်နီ ဈေးကွက်က ကြက်သွန်နီ ကုန်သည် ဦးဇော်ဝင်းက “အသစ်ကသိပ်မဝင်ဘူး၊ ပိဿာချိန် နည်းနည်းပဲ ပါ တယ်၊ အဟောင်းတွေနဲ့ ညှပ်ညှပ်ပြီး ပါလာတာ အဟောင်းတွေလဲ နည်းလာပြီ၊ လောလောဆယ်တော့ တက်နေဦးမယ့် အနေအ ထားပဲ၊ နှစ်ကူးသွားရင်တော့ မ ပြောတတ်ဘူး”လို့ ပြောပါတယ်။ လက်ရှိဈေးကွက်ထဲကို ဝင်ရောက်စပြုနေတဲ့ ကြက်သွန်နီအသစ်တွေကတော့မိုးကြက်သွန်နီတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် လထဲက စိုက်ပျိုးခဲ့ကြတာတွေပါ။ နွေကြက်သွန်နီတွေကတော့ ဇန်နဝါရီလလောက်မှ စတင်စိုက်ပျိုးကြမှာ ဖြစ်ပါတယ်။

Credit >> kumudranews



Follow us on