1. Home
  2. Myanmar News

ပုစွန်တောင်မြို့နယ်တွင်းမှ လမ်းအချို့အား တစ်လမ်းမောင်းသတ်မှတ်

Myanmar News ธ.ค. 01, 2560 view 1,762

ပုစွန်တောင်မြို့နယ်အတွင်းရှိ နှစ်မောင်းလမ်းအချို့ကို ကွင်းဆင်းလေ့လာခဲ့ပြီးနောက် ယာဉ်အသွားအလာ ကျပ်တည်းမှုကို နည်းပါစေရန် မြို့နယ်အတွင်းမှ လမ်းအချို့ကို တစ်လမ်းမောင်းစနစ်သို့ ပြောင်းလဲရန် ဆုံးဖြတ်ထားကြောင်း လျှပ်စစ်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောဆိုခဲ့သည်။

နိုဝင်ဘာလ ၃၀ ရက်နေ့က ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစဉ်းအဝေးတွင် ပုစွန်တောင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပုစွန်တောင်မြို့နယ်အတွင်း ယာဉ်ကြောကျပ်တည်းခြင်း၊ မတော်တဆမှုနဲ့ ခိုက်ရန်ဖြစ်ပွားမှုများ ဖြစ်ပေါ်နေသည့်အပေါ် တင်ပြမေးမြန်ရာ ဝန်ကြီးမှ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး၏ အစည်းဝေးဆုံးဖြတ်ချက်အရ ရေကျော်လမ်းမကြီးအား အထက်ပုစွန်တောင်လမ်းမှ ဗိုလ်ချုပ်အောင်ဆန်းလမ်းသို့ တစ်လမ်းမောင်း၊ ၅၃ လမ်းနှင့် ၅၄ လမ်းအား အနော်ရထာဘက်မှ အဝင်တစ်လမ်းမောင်း၊ ၅၅ လမ်းနှင့် ၅၆ လမ်းအား မဟာဗန္ဓုလလမ်းမှ အဝင်တစ်လမ်းမောင်း၊ အမှတ်(၉)ရပ်ကွက်ရှိ ဇီဇဝါလမ်း၊ ဒေါနလမ်းနှင့် ယုဇနလမ်းတို့အား ရေကျော်လမ်းမကြီးမှ အဝင်တစ်လမ်းမောင်းနှင့် ဝတ်ကျောင်းလမ်းအား ရေကျော်လမ်းမကြီးသို့ အထွက်တစ်လမ်းမောင်း အဖြစ်ပြောင်းလဲသတ်မှတ်ခဲ့ပြီး မြောင်းကြီးလမ်း၏ (ဝဲယာ) ကိုလည်း တစ်လမ်းမောင်းအဖြစ် ပြောင်းလဲရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရှိရသည်။

ရွှေဘုန်းပွင့်ဘုရားရှေ့ရှိ ဦးဘောဂလမ်းအား ရေကျော်လမ်းမကြီးမှ အဝင်တစ်လမ်းမောင်း၊ ၄၉ လမ်းနှင့် လမ်း ၅၀ ကို အနော်ရထာဘက်မှ အဝင်တစ်လမ်းမောင်း၊ ၅၁ လမ်းနှင့် ၅၂ လမ်းအား ဗိုလ်ချုပ်အောင်ဆန်းလမ်းမှ အဝင်တစါလမ်းမောင်းအဖြစ် စတင်ကျင့်သုံးရန် သတ်မှတ်ညွှန်ကြားပြီးဖြစ်ကြောင်း သတင်းရရှိသည်။
 



Follow us on