1. Home
  2. Myanmar News

ခေါက်ဆွဲဖတ်တွင် ကင်ဆာဖြစ်စေနိုင်သော ဓါတုပစ္စည်းသုံးထားကြောင်း စစ်ဆေးတွေ့ရှိ

Myanmar News ธ.ค. 01, 2560 view 1,688

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌါနမှ ဝန်ထမ်းများ မင်္ဂလာဒုံဈေးထဲအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာ ခေါက်ဆွဲဖတ်များထဲတွင် ကင်ဆာဖြစ်စေနိုင်သော Borax ပစ္စည်းသုံးစွဲထားကြောင်း တွေ့ရှိခဲ့သည်။

နိုင်ဝင်ဘာ ၂၉ ရက်နေ့က စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး ခေါက်ဆွဲဖတ်ထုတ်လုပ်သူနဲ့ ရောင်းချသူများအား သတိပေးပြောကြားခဲ့ကြောင်း ဒေါက်တာမင်းဝန်က ပြောပြခဲ့သည်။
“တွေ့တာကတော့ ဆိုင်တွေမှာ တွေ့တယ်၊ ဆိုင်တွေမှာတွေ့တော့ သူတို့ ဘယ်က ဝယ်လာသလဲဆိုတဲ့ ပင်ရင်းကို လိုက်တယ်၊ ပင်းရင်းကို လိုက်ပြီးတော့ ပထမဆုံးတော့ ပညာပေးပေါ့၊ ပညာပေး ကတိခံဝန်ပေါ့၊ ရှိနေတဲ့ပစ္စည်းမှာ ထပ်ပြီးစစ်လို့ ထပ်တွေ့တယ်ဆိုရင် အဲဒါတွေ အကုန်လုံးသိမ်းပြီး ဖျက်ဆီးပစ်လိုက်တယ်။”


သတိပေးပြီးနောက် အချိန်ကာလတစ်ခုခြားပြီး ထပ်မံစစ်ဆေးတွေ့ရှိပါက တိုင်းအဆင့် အစားအသောက်နဲ့ ဆေးဝါးကွက်ကဲမှုအဖွဲ့  FDA က တရားစွဲသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မင်္ဂလာဒုံဈေးရှိ စားသောက်ကုန် ရောင်းချတဲ့ ဈေးဆိုင်တွေက စားသောက်ကုန် ၂၇ မျိုးကို ဈေးကွက်နမူနာ ဝယ်ယူပြီး ၁၉ မျိုးကို စစ်ဆေးခဲ့ရာမှာ မုန့်ဖတ်၊ နန်းကြီး၊ ညှပ်ခေါက်ဆွဲဖတ်တွေမှာ ခွင့်မပြု ဓာတုပစ္စည်းတွေ ဖော်မလင် သုံးစွဲထားတာ မတွေ့ရဘဲ ခေါက်ဆွဲ  ၄ မျိုးမှာ တားမြစ် Borax သုံးစွဲထားတာ တွေ့ခဲ့ရခြင်းဖြစ်သည်။
တားမြစ် Borax  ပစ္စည်းကို ရေရှည်စားသုံးမိပါက မူးဝေအော့အန်တာမျိုး ဖြစ်တတ်သလို ကင်ဆာရောဂါ ဖြစ်ပွားတတ်တယ်လို့ ကြောင်းသိရှိရသည်။
အစားအသောက်များတွင် တားမြစ်ပစ္စည်း သုံး၊ မသုံးကို  ရန်ကုန်တိုင်း အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက တလလျှင် လေးကြိမ်၊ ခရိုင်စစ်ဆေးရေးအဖွဲ့များက တစ်လလျှင် လေးကြိမ် စုစုပေါင်း တလကို ၈ ကြိမ် ပုံမှန်ကွင်းဆင်းစစ်ဆေးဆောင်ရွက်နေကြောင်း DVB သတင်းတွင် ဖော်ပြပါရှိသည်။



Follow us on