1. Home
  2. Good Morning Myanmar

ဆန်ဈေးကွက်အတွင်း ဆန်ဈေးကျဆင်းနေ

Good Morning Myanmar ธ.ค. 01, 2560 view 1,451
နိုဝင်ဘာလဆန်းပိုင်းက ဆန်ဈေးတွေနဲ့နှိုင်းယှဉ်ရင် နိုဝင်ဘာလကုန်ပိုင်း အရောက်မှာတော့ ဆန်ဈေးကွက်အတွင်းမှာ ဆန်ဈေးတွေ ကျဆင်းနေတယ်လို့ သိရပါတယ်။ ၀ါးတန်းဆန်စပါးကုန်စည်ဒိုင်မှာတော့ ဆန်အရောင်းအ၀ယ်တွေ ပုံမှန်အတိုင်း ရှိနေပေမဲ့ ဆန်ဈေးတွေကတော့ ကျဆင်းနေတယ်လို့သိရပါတယ်။နိုဝင်ဘာလဆန်းပိုင်းက ၀ါးတန်းဆန်ကုန်စည်ဒိုင်ပေါက်ဈေးအရ ပေါ်ဆန်းမွှေးအမျိုးအစား ဆန်အသစ်တစ်အိပ်ကို ငွေကျပ် ၃၂၀၀၀ မှ ၃၉၀၀၀ ကျပ်အတွင်းဈေးရှိခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်မှာတော့ ပေါ်ဆန်မွှေး ဆန်သစ်တစ်အိတ်ကို ငွေကျပ် ၂၇၀၀၀ မှ ၃၅၀၀၀ လောက်ပဲရှိခဲ့တာကြောင့် ဆန်တစ်အိတ်ကို ကျပ် ၄၀၀၀ လောက် ဈေးကျခဲ့တာပါ။ပြည်ပ၀ယ်လိုအားရှိတဲ့ ဆန်ကြမ်း ၅ မတ်ဆန်ကတော့ ၂၂၀၀၀ ပတ်ဝန်းကျင်နှင့် ၂၅ မတ်ဆန်တွေကတော့ ၁၉၀၀၀ နှင့် ၂၀၀၀၀ ကြားမှာ ဈေးပေါက်နေလို့ ဆန်ကြမ်းအမျိုးအစားတွေလည်း တစ်အိတ် ၁၅၀၀ ကျပ်လောက်ဈေးကျနေတာပါ။
 
အခုလိုဆန်ဈေးတွေ ကျဆင်းလာတာဟာ ဆန်လှိုင်လှိုင်ထွက်ရှိတဲ့ ရာသီရောက်ရှိ နေပြီး ဈေးကွက်အတွင်း ၀င်ရောက်လာတဲ့ဆန်တွေဟာလည်း အစိုဓါတ်တွေပါဝင်နေတာကြောင့် လှောင်ထားလို့ အဆင်မပြေဘူးလို့သိရပါတယ်။ဒီလို သိုလှောင်သိမ်းဆည်းဖို့ အဆင်မပြေတာ ကြောင့်လည်း ဈေးကွက်အတွင်း ဆန်တွေဝင်ရောက်မှုများနေတာလို့ဆိုပါတယ်။ဒါအပြင် နယ်စပ် ဆန်ဈေးကွက်ဖြစ်တဲ့ တရုတ်နယ်စပ်ဈေးကွက်မှာလည်း အရောင်းအ၀ယ်တွေ နည်းနေတာက လည်း ဆန်ဈေးကို ကျဆင်းတဲ့ အကြောင်းအရင်းတစ်ခုလို့ပြောပါတယ်။
 
လက်ရှိအခြေအနေအရ စပါးအသစ်ဆန်အသစ်တွေထွက်ရှိနေပြီး ဆန်ဈေးတွေ ကျဆင်းလာပေမဲ့လည်း စပါးဈေးတွေကတော့ ကျဆင်းတာမျိုးမရှိသေးဘူးလို့ ဆန်ကုန်သည်တွေက ပြောပါတယ်။အခုရက်ပိုင်းအတွင်းနယ်တွေမှာ ဆန်ကြမ်းစပါးဈေးဟာ တင်း(၁၀၀)ကို ငွေကျပ် ၅၈၀၀၀၀နှင့် ၆၀၀၀၀၀ကြား၊ဆန်ချောစပါးဈေးကတော့ တင်း(၁၀၀)ကို ၇၅၀၀၀၀-၇၈၀၀၀၀ ကြား ဈေးပေါက်နေတယ်လို့ သိရပါတယ်။
 


Follow us on