1. Home
  2. Good Morning Myanmar

ချမ်းမြ၀တီသီလရှင်သင်ပညာရေးကျောင်းမှာ သီလရှင်ဆရာလေးတွေ အတွက် ပညာသင်ကြားဖို့ စာသင်ဆောင် အခက်အခဲရှိနေ

Good Morning Myanmar ธ.ค. 01, 2560 view 1,511
ရန်ကုန်တိုင်းဒေသကြီး ပုလဲမြို့သစ်မှာရှိတဲ့ ရွှေနံ့သာစံပြရပ်ကွက်က ချမ်းမြ၀တီသီလရှင် သင်ပညာရေးကျောင်းမှ သီလရှင်ဆရာလေးတွေအတွက် ပညာသင်ကြားဖို့ စာသင်ဆောင်သီးသန့် မရှိတာကြောင့် စာသင်ကြားရာမှာ အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။ ချမ်းမြ၀တီသီလရှင်သင်ပညာရေးကျောင်းမှာ ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့အနီး ကျေးရွာတွေက ဒေသမတည်မငြိမ်မှုနဲ့ စားဝတ်နေရေးအခက်အခဲကြုံတဲ့ မိန်းကလေးငယ်လေးတွေကို သီလရှင်ဆရာလေးတွေအဖြစ်ဝတ်ပေးပြီး လောကီလောကုတ္တရာတွေကို သင်ကြားပေးနေတာပါ။ ဒီလိုဖွင့်လှစ်သင်ကြားပေးနေပေမယ့် စာသင်ဆောင်သီးသန့်မရှိတာကြောင့် ဆရာလေးတွေ ညဖက် သီတင်းသုံးတဲ့ ကျောင်းဆောင်နေရာမှာသာ စာသင်ကြားနေရပြီး အခန်းအကာတွေမရှိဘဲ သင်ကြားနေရတာ ဖြစ်ပါတယ်။
 
ဒီလိုကျောင်းဆောင်မှာသာ သတင်းသုံးသင်ကြားရတာကြောင့် သီလရှင်ကျောင်းမှာ ပွဲအခမ်းအနားတွေရှိတဲ့အခါ ကျောင်းပိတ်ထားရတာတွေလဲရှိနေတယ်လို့ ပြောပါတယ်။ဒီကျောင်းကို (၂၀၁၅-၂၀၁၆)ခုနှစ်မှသာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လက်ရှိဒီကျောင်းမှာ သီလရှင်အတန်း ပညာသင်ကြားနေတဲ့ ဆရာလေး(၇၆)ပါးနဲ့ ကိုရင်လေး(၁၀)ပါးထိရှိနေတယ်လို့ သိရပါတယ်။ ဆရာလေးတွေအနေနဲ့လည်း ဒီကျောင်းဆောင်မှာ နေ့ဖက်စာသင်၊ညဖက်သတင်းသုံးနေရတာ ကြောင့် သီးသန့်ကျောင်းဆောင်ဆောက်လုပ်နိုင်ပြီး ကျောင်းပညာကိုသင်ကြားပေးနိုင်ဖို့ကို မျှော်လင့်နေ ကြတယ်လို့ပြောပါတယ်။
ဒီသီလရှင်သင်ပညာရေးကျောင်းကို ဖွင့်လှစ်တာမကြာသေးတာကြောင့် သိရှိသူ နည်းပါးနေပြီး လာရောက်လှူဒါန်းသူလည်း နည်းပါးနေသေးတယ်လို့သိရပါတယ်။လာရောက် လှူဒါန်းသူနည်းပါးတာကြောင့် ဆရာလေးတွေရဲ့ဆွမ်းအခက်အခဲကလည်းရှိနေဆဲပါ။
 
ဆွမ်းအခက် အခဲကြောင့် သီရိမင်္ဂလာဈေးကို အပတ်စဉ် အဖိတ်၊ဥပုဒ်(၂)ရက်ဆွမ်းခံကြွပြီးရရှိတဲ့ အသီးအနှံတွေကို လောက်ငှအောင်ချက်ပြုတ်ရတယ်လို့သိရပါတယ်။ဆရာလေးတွေအတွက် ဆက်သွယ် လှူဒါန်းလိုရင်တော့ ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံမြို့နယ်၊ပုလဲမြို့သစ်၊ရွှေနံ့သာရပ်ကွက်၊ ချမ်းမြ၀တီ သီလရှင်သင်ပညာရေးကျောင်းကို ဆက်သွယ်လှူဒါန်းနိုင်တယ်လို့သိရပါတယ်။ (Graphic နဲ့ပြရန်)ဆက်သွယ်နိုင်မယ့် ဖုန်းနံပတ်တွေကတော့ ၀၉-၇၉၉၉၃၀၂၆၀ ၀၉-၄၅၀၀၀၇၆၉၆ တို့ကို ဆက်သွယ်လှူဒါန်းနိုင်တယ်လို့သိရပါတယ်။
 
 
https://www.facebook.com/GoodMorningMyanmarLive/videos/2166483340044451/


Follow us on