1. Home
  2. Good Morning Myanmar

မြန်မာနိုင်ငံရှိ ကြက်တူရွေးလိပ်များ တရုတ်နိုင်ငံသို့ တရားမ၀င် တင်ပို့ရောင်းချမှု မြင့်မားနေတာ ကြောင့် မျိုးသုဉ်းပျောက်ကွယ်သွားမှာကို စိုးရိမ်နေ

Good Morning Myanmar ธ.ค. 01, 2560 view 1,643
မြန်မာနိုင်ငံရှိ ကြက်တူရွေးလိပ်တွေကို တရုတ်နိုင်ငံသို့တရားမ၀င်တင်ပို့ရောင်းချမှု မြင့်မားနေတာ ကြောင့် မျိုးသုဉ်းပျောက်ကွယ်သွားမှာကို စိုးရိမ်နေရတယ်လို့ မြန်မာနိုင်ငံသားငှက်ထိန်းသိမ်း ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားလိုက်ပါတယ်။ ကြက်တူရွေးလိပ်မျိုးစိတ်များဟာ မျိုးသုဉ်းရန်နီးကပ်နေတဲ့ လိပ်မျိုးစိတ်ဖြစ်ပြီး တရုတ်နိုင်ငံကို တရားမ၀င်တင်ပို့ရောင်းချနေတဲ့ လိပ်မျိုးစိတ်များတွင်အများဆုံးဖြစ်နေတာကြောင့် မျိုးသုဉ်းပျောက်ကွယ်သွားမှာကို စိုးရိမ်နေရတယ်လို့သိရပါတယ်။ကြက်တူရွေးလိပ်တွေကို အိမ်မွေး တိရစ္ဆာန်အဖြစ် လည်းကောင်း၊တစ်ကောင်နဲ့တစ်ကောင်တိုက်ခိုက်စေပြီး လောင်းကစားလုပ်ရန် အတွက်လည်းကောင်း တရုတ်နိုင်ငံမှဝယ်ယူမှုမြင့်မားနေခြင်း ဖြစ်တယ်လို့သိရပါတယ်။
 
ကြက်တူရွေးလိပ်တွေက ညဘက်တွင်ကျက်စားတဲ့သတ္တ၀ါမျိုးဖြစ်ပြီး အနေအထိုင် သိုသိပ်ကာ ရှာဖွေတွေ့ရှိရန် ခက်ခဲတဲ့လိပ်မျိုးစိတ်ဖြစ်ပါတယ်။စိမ့်စမ်းရေနဲ့ထုံးကျောက်ပေါများတဲ့ ဒေသတွေမှာနေထိုင်ကျက်စားကြပြီး ကြက်တူရွေးလိပ်တွေကို မြန်မာနိုင်ငံတွင် တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ကယားပြည်နယ်၊မွန်ပြည်နယ်၊ရှမ်းပြည်နယ်နဲ့ပဲခူးတိုင်းဒေသကြီးများတွင် တွေ့ရလေ့ ရှိတယ်လို့သိရပါတယ်။
 
ကြက်တူရွေးလိပ်များဟာရှားပါးပြီး မျိုးသုဉ်းရန်နီးကပ်နေတာကြောင့် တရားမ၀င် ကုန်သွယ်ရာမှ ဖမ်းဆီးရမိလာတဲ့ကြက်တူရွေးလိပ်တွေကို ရှမ်းပြည်နယ် နောင်ချိုမြို့ရှိ လိပ်ကယ်ဆယ်ရေး စခန်းတွင် ဥများကို သားဖောက်ပြီးမွေးမြူနေတယ်လို့သိရပါတယ်။မြန်မာနိုင်ငံရှိလိပ်မျိုးစိတ်များရဲ့ တစ်ဝက်ခန့်မှာ မျိုးသုဉ်းမယ့်အန္တရာယ်နဲ့ရင်ဆိုင်နေရပြီး လိပ်မျိုးစိတ်(၂၆)မျိုးအနက် (၆)မျိုးမှာ မြန်မာနိုင်ငံမှာသာ တွေ့ရှိရတယ်လို့သိရပါတယ်။
 
 
https://www.facebook.com/GoodMorningMyanmarLive/videos/2166475770045208/


Follow us on