1. Home
  2. Good Morning Myanmar

ထိုင်းတွင် ငွေသားမသုံးဘဲ ၀ယ်နိုင်မည့်ဈေးတန်း စတင်ဖွင့်လှစ်

Good Morning Myanmar ธ.ค. 01, 2560 view 1,553
အီလက်ထရောနစ်စနစ် ပြောင်းလဲကျင့်သုံးရေးကို အကောင်အထည်ဖော်နေတဲ့ ထိုင်းအစိုးရဟာ ဆောင်ခလာခရိုင်က ဈေး(၃)ဈေးမှာ QR ကုတ်အသုံးပြုပြီး ငွေပေးချေတဲ့စနစ်ကို စတင်မိတ်ဆက် လိုက်ပြီ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဆောင်ခလာခရိုင်တွင်းက ကင်ယွန်ဈေးမှာငွေသားမသုံးဘဲ အီလက် ထရောနစ်စနစ်သုံးပြီး ငွေပေးချေတဲ့စနစ်ကို စတင်ကျင့်သုံးနေပြီဖြစ်ပါတယ်။ကင်ယွန်ဈေးမှာ ထိုင်းနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မလေးရှားနဲ့ စင်ကာပူနိုင်ငံတွေက သရေစာမုန့်တွေကို အဓိကရောင်းချနေတာဖြစ်ပါတယ်။
 
ထိုင်းအစိုးရရဲ့ အထောက်အပံ့နဲ့ အီလက်ထရောနစ် စနစ်သုံးပြီး QR ကုတ်နဲ့ ငွေချေတဲ့စနစ်ကို ကျင့်သုံးတာဖြစ်ပါတယ်။ဆောင်ခလာခရိုင်တွင်းက နောက်ထပ်ဈေး(၂) ဈေးမှာလည်း QR ကုတ်နဲ့ ငွေချေတဲ့စနစ်ကို စတင်ကျင့်သုံးနေပြီဖြစ်ပါတယ်။အီလက်ထရောနစ် စနစ်သုံးပြီး ငွေချေတဲ့လုပ်ငန်းအဆင်ပြေစေဖို့ ဈေးသည်တွေနဲ့ ဈေးဝယ်သူတွေကို အီလက်ထရောနစ် ငွေစာရင်းတွေနဲ့ အက်ပလီကေးရှင်း တွေကိုလည်း ကြိုတင်ဖြန့်ဝေထားပြီး ဖြစ်ပါတယ်။
 
ထိုင်းနိုင်ငံတွင်းက အီလက်ထရောနစ်ငွေချေစနစ်ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီတွေက ထိုင်းနိုင်ငံသားတွေကို အီလက်ထရောနစ် ငွေစာရင်းတွေ ဖွင့်ဖို့ ဆွဲဆောင်နေကြပါတယ်။ အီလက်ထရောနစ်စနစ်သုံးပြီး ငွေချေတာဟာ ထိုင်းအစိုးရက အကောင်အထည်ဖော်နေတဲ့ အီလက်ထရောနစ်စနစ်ပြောင်းလဲကျင့်သုံးရေး အစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ထိုင်းအစိုးရက ပြည်သူတွေကို အီလက်ထရောနစ်ငွေပေးချေမှုစနစ်ကို ပြောင်းလဲအသုံးပြုကြဖို့ တိုက်တွန်း ပြောဆိုနေပါတယ်။အီလက်ထရောနစ်ငွေပေးချေမှုစနစ်ကို ထိုင်းအစိုးရရုံးတွေမှာ စတင်အသုံးပြုနေပြီး ပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့လည်း တိုက်တွန်းနေပါတယ်။
 
 
https://www.facebook.com/GoodMorningMyanmarLive/videos/2166515213374597/


Follow us on