1. Home
  2. Special or Others

အင်တာနက်ပေါ်မှာလည်း နာမည်ကြီးတဲ့ ထိုင်းဆက် ဆီမော်ဒယ် နန်သနစ် ဂျိန်း ဆမ်မန်ပရာသန်ဟာ အရက်မူးပြီး ကားမောင်းခဲ့တဲ့အတွက် အဖမ်းခံခဲ့ရတယ်

Special or Others ธ.ค. 01, 2560 view 1,864
မော်ဒယ်တဦးလည်း ဖြစ်ပြီး အင်တာနက်ပေါ်မှာလည်း နာမည်ကြီးတဲ့ ထိုင်းဆက် ဆီမော်ဒယ် နန်သနစ် ဂျိန်း ဆမ်မန်ပရာသန်ဟာ အရက်မူးပြီး ကားမောင်းခဲ့တဲ့အတွက် အဖမ်းခံခဲ့ရတယ်လို့ တီနယူးစ်သတင်းမှာ နိုဝင်ဘာ ၂၉ ရက်နေ့က ဖော်ပြပါတယ်။သူ့ကို ရဲတွေက ချန်ဝပ်ထနာလမ်းမကြီးပေါ် စစ်ဆေးရေးဂိတ်တခုအနီးမှာ စစ်ဆေးခဲ့ချိန်မှာ အရက်အလွန်အကျွံသောက်ထားခဲ့တာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။သွေးအတွင်း အရက်ပါဝင်မှုပမာဏဟာ သွေးပမာဏ ၁၀၀ မီလီလီတာမှာ ၆၃ မီလီဂရမ်ပါဝင်နေခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံဥပဒေအရ အများဆုံး ၅၀ မီလီဂရမ်အထိသာ ခွင့်ပြုထားတာ ဖြစ်ပါတယ်။
 
ရဲတွေဟာ မော်ဒယ်ကို ဖမ်းဆီးခဲ့ပြီးနောက်မှာတော့ ဘတ်ငွေ ၂ သောင်းဆောင်စေပြီး တရားရုံးအာမခံနဲ့ ဒီကနေ့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။“ကျမ သူငယ်ချင်းတယောက်ရဲ့ မွေးနေ့ပါတီ ပွဲသွားခဲ့တာ။ ကျမ အရက်မူးနေခဲ့တယ်လို့ မထင်ခဲ့ဘူးရှင့်။ ကျမမှားသွားခဲ့ရင် ကျမတောင်းပန်ပါတယ်။ ဒါဟာ အရက်မူးပြီး အဖမ်းခံရတဲ့ ကျမရဲ့ ပထမဆုံးအဖြစ်ပါပဲ”လို့ ပြောပါတယ်။
 
 
နန်သနစ်ဟာ အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာလည်း နာမည်ကြီးသူ တဦးဖြစ်ပြီး ပရိသတ် ၇ သောင်းခွဲကျော်ရှိနေခဲ့တာ ဖြစ်ပါတယ်။ရေကူးဝတ်စုံနဲ့ ရင်သားအလှဖော်ပြီး ရိုက်ကူးတဲ့ မော်ဒယ်တွေရဲ့ ဓာတ်ပုံတွေကို အသားပေးဖော်ပြလေ့ရှိတဲ့ Cup E မဂ္ဂဇင်းကတော့ ခုလို ဖမ်းဆီးခံခဲ့ရပြီးနောက်မှာ သူ့ရဲ့ ဓာတ်ပုံတွေကို ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်ကနေ ဖြုတ်ချပစ်ခဲ့တာပါ။
 
 
 
Credit .... burmese.dvb.no


Follow us on