
ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်ရှိ လယ်တီဝိပ္ပဿနာကျောင်းတိုက်ဝင်းရှိ ဓါတ်လှေကားအတွင်း လူ(၉)ဦး တစ်ာရီခန့်ပိတ်မိကာ (၃)ဦးသတိလစ်မေ့မြောခဲ့ပြီး ဆေးရုံသို့တင်ပို့ခဲ့ရကြောင်း သိရှိရသည်။

သင်္ဃန်းကျွန်းမြို့နယ် ဆ/ကရပ်ကွက်၊ ကျိုက္ကဆံဘုရားလမ်း၊ သုမင်္ဂလာရာမ လယ်တီဝိပဿနာကျောင်းတိုက်ဝင်းရှိ သုံးထပ်ဆောင် ဓါတ်လှေကားအတွင်း အမျိုးသားနှစ်ဦးနှင့် သီလရင်တစ်ပါးအပါအဝင် အမျိုးသမီး(၇)ဦးဆို့ ပိတ်မိနေခဲ့ခြင်းဖြစ်သည်။

လူ(၉)ဦး ဓါတ်လှေကားအတွင်းဝင်ရောက်ခဲ့ပြီးနောက် တံခါးပိတ်သွားခဲ့ပြီး အပေါ်တက်ရမည့်အချိန်တွင် ခံနိုင်ဝန်အားထက်ကျော်လွန်မှုကြောင့် ဓါတ်လှေကားမှ “Out Of Service” ပြခဲ့ပြီး တံခါးလည်း ပြန်မပွင့်တော့ပဲ ညပ်နေခဲ့သည်။




ဓါတ်လှေကားဝန်ထမ်းများရောက်လာပြီး တံခါးပွင့်ရန် ကြိုးစားခဲ့ရာ တစ်နာရီခန့်ကြာသည်ထိ ဖွင့်မရခဲ့သဖြင့် ဓါတ်လှေကားတွင်း ပိတ်မိနေသူတစ်ဦးမှ မီးသတ်တပ်ဖွဲ့သို့ အကြောင်းကြားခဲ့သဖြင့် အရေးပေါ်မီးသတ်အဖွဲ့များ ရောက်ရှိလာပြီး Hydraulic Spreader ဖြင့် တံခါးကို ဆွဲဖြဲပြီး အတွင်းမှ လူများကို ကယ်ထုတ်ခဲ့ရာ သီလရင်တစ်ပါးနှင့် အမျိုးသမီးနှစ်ဦး သတိလစ်မေ့မြောနေသဖြင့် ဆေးရုံသို့ပို့ဆေင်ခဲ့ရကြောင်း ဒီမိုကရေစီတူဒေးသတင်းတွင် ဖော်ပြပါရှိသည်။
photos: TarmweFSD
comment