1. Home
  2. Myanmar News

စာမေးပွဲဖြေပြီးပြန်လာကြသော တက္ကသိုလ်ကျောင်းသူနှစ်ဦး ကားတိုက်သေဆုံး

Myanmar News ธ.ค. 04, 2560 view 1,683

မိတ္ထီလာအဝေးသင်တက္ကသိုလ်မှ ကျောင်းသူနှစ်ဦး စာမေးပွဲဖြေပြီး ဆိုင်ကယ်စီးပြန်လာစဉ် လမ်းတွင် အရှိန်လွန်လဲကျရာမှ နောက်မှပါလာသော ခရီးသည်တင် Express ဝင်တိုက်ခဲ့သဖြင့် သေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။


ဝမ်းတွင်းမြို့နယ်၊ ကျောင်းကုန်းကျေးရွာနေ ဒုတိယနှစ်(စီးပွားရေး) ကျောင်းသူနှင့် ကြက်မောက်တောင်ဆည်အနီးမှ တတိယနှစ်(မြန်မာစာ) ကျောင်းသူနှစ်ဦးတို့ မိတ္ထီလာအဝေးသင်တက္ကသိုလ်၌ စာမေးပွဲဖြေပြီးနောက် ဆိုင်ကယ်ဖြင့် နှစ်ယောက်စီးကာ ပုဂံသို့ ဘုရားဖူးသွားခဲ့ကြပြီး အပြန်လမ်း၊ ရေဝေနှင့် ဇရပ်ကုန်းကြားတွင် ဆိုင်ကယ်အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်စဉ် နောက်မှ ပါလာသော ခရီးသည်တင် Express က ဝင်တိုက်မိခဲ့သဖြင့် တစ်ဦးမှာ နေရာတင် သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ဆေးရုံသို့ပို့်ဆောင်စဉ် လမ်း၌သေဆုံးခဲ့ကြောင်း လိုက်လံကူညီလုပ်ကိုင်ပေးခဲ့သူ ကိုအောင်ဆန်းမှ လူမှုကွန်ယက်ပေါ်၌ ရေးသားဖော်ပြထားသည်။
 



Follow us on