1. Home
  2. Myanmar News

ကန်တော်ကြီးအတွင်း အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်အမြောက်အမြား စွန့်ပစ်ထားမှုတွေ့ရှိ

Myanmar News ธ.ค. 04, 2560 view 1,789

ဗဟန်းမြို့နယ်၊ ဗိုလ်ချိုရပ်ကွက် ကန်တော်ကြီးဝင်းအတွင်းရှိ နဂါးကျွန်းမြက်ခင်းပေါ်တွင် အိမ်ထောင်စုစာရင်း (၂၁)စောင်နှင့် နိုင်ငံသားမှတ်ပုံတင် မူရင်းကတ်ပြား (၁၂၉)ခုတို့ကို စွန့်ပစ်ထားကြောင်း အကြောင်းကြားခဲ့သဖြင့် သက်ဆိုင်ရာ မြို့နယ်လဝက ဦးစီးဌါနမှ သွားရောက်စိစစ်ခဲ့သည်။

အိမ်ထောင်စုစာရင်း (၂၁)စောင်တွင် မန္တလေးမှ ၇ စောင်နှင့် ရန်ကုန်မှ ၁၄ စောင်ဖြစ်ပြီး မှတ်ပုံတင်ကတ်ပြား ၁၂၉ ခုတွင် ၄ ခုမှာ ရေစိုပျက်ဆီးနေပြီး ကျန်မှတ်ပုံတင်များမှာ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ ဧရာဝတီ၊ မွန်၊ ရခိုင်၊ ရှမ်းတို့မှ ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။


အဆိုပါ အိမ်ထောင်စုစာရင်းများနဲ့ မှတ်ပုံတင်များမှာ တရားဝင်ထုတ်ပေးထာသော ကတ်များဟုတ်/မဟုတ်ကို ဆက်လက် စိစစ်ဆောင်ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌါန စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
 



Follow us on