1. Home
  2. Special or Others

ခြေအိတ်အနံ့ဆိုးကြောင့် ပတ်ဝန်းကျင်နှောက်ယှက်မှုဖြင့် ဖမ်းဆီးခံရ

Special or Others ธ.ค. 04, 2560 view 1,414

အိန္ဒိယနိုင်ငံ ဘတ်စ်ကားပေါ်တွင် ခရီးသည်တစ်ဦး ဝတ်ထားသော ခြေအိတ်မှ အနံ့ဆိုးထွက်မှုကြောင့် အခြားခရီးသည်များနှင့် ပြဿနာဖြစ်ခဲ့ပြီးနောက် အဆိုပါခရီးသည်အား ပတ်ဝန်းကျင် အနှောက်အယှက်ဖြစ်စေမှုနဲ့ ရဲကဖမ်းဆီးခဲ့သည်။

ပြီးခဲ့တဲ့ စနေနေ့က ဒါရမ်ဆလာမြို့မှ နယူဒေလီသို့ ထွက်ခွာလာသော ခရီးသည်တင် ဘတ်စ်ကားတစ်စီးပေါ်တွင် ပရာကတ်ရှ်ကူးမား ဆိုသူက ရှုးဖိနပ်ကို ချွတ်လိုက်ရာ အလွန်ဆိုးရွားတဲ့ ခြေအိတ်နံ့ကြောင့် အခြားခရီးသည်များ အနံ့မခံနိုင်သဖြင့် ခြေအိတ်ကို ခရီးဆောင်အိတ်ထဲသို့ ထန့်ရန် ဒါမှမဟုတ် လွှင့်ပစ်ရန် ဝိုင်းပြောခဲ့ရာ အများနဲ့တစ်ယောက် စကားအခြေတင်ဖြစ်ခဲ့ကြသည်။

ကူးမားက သူ့ခြေအိတ်ကို လွှင့်ပစ်ရန် ငြင်းဆန်ခဲ့သည့်အတွက် ခရီးသည်များက ကားဆရာကို အနီးဆုံးရဲစခန်းသို့ မောင်းသွားခိုင်းကာ ဝိုင်းဝန်းတိုင်ကြားခဲ့သဖြင့် ပတ်ဝန်းကျင်အနှောက်ယှက်ပေးမှုနဲ့ ကူးမားကို ဖမ်းဆီးခဲ့သည်။ သို့တိုင် ကူမားက သူခြေအိတ်က ဘာနံ့မှ မနံပဲ ကားတစ်စီးလုံးက သူ့ကို ပြဿနာဝိုင်းရှာကြကြောင်း ခုခံချေပခဲ့သည်။

ဘီဘီစီ၏ သတင်းအရ နောက်ဆုံးတွင် ကူးမားကို ဒဏ်ရိုက်ခံခဲ့ရပြီး အခြားဘတ်စ်ကားတစ်စီးပေါ်သို့ တင်ကာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
 



Follow us on