1. Home
  2. Myanmar News

ပုသိမ်မြို့နေအိမ်တစ်လုံးပေါ် လေယာဉ်အပိုင်းစတစ်ခုပြုတ်ကျ

Myanmar News ธ.ค. 05, 2560 view 1,385

ပုသိမ်မြို့ရှိ လူနေအိမ်တစ်လုံးပေါ်သို့ ဒီဇင်ဘာလ ၃ ရက်နေ့က လေယာဉ်၏ အစိတ်အပိုင်းတစ်ခု ကောင်းကင်မှ ပြုတ်ကျခဲ့ကြောင်း သတင်းရရှိခဲ့သဖြင့် တာဝန်ရှိသူများမှ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ပုသိမ်မြို့ အမှတ်(၁)ရပ်ကွက်၊ ငါးအောက်ချောင်း တိုးချဲ့(၄)လမ်းနေ ဦးသက်ဦး၏ နေအိမ်ခေါင်မိုးပေါ်သို့ ဒီဇင်ဘာလ ၃ ရက်နေ့ ညနေပိုင်းတွင် အရာဝတ္ထုတစ်ခု ပြုတ်ကျသံအကျယ်ကြီး ကြားခဲ့ရသည်။ နေအိမ်အား ခဲထိမှန်သည်ဟု ထင်ပြီးသွားကြည့်ခဲ့ရာ နေအိမ်အနောက်ဖက် အမိုးပေါ်တွင် အဖြူရောင်အရာဝတ္ထုတစ်ခု စိုက်ဝင်နေသည်ကို တွေ့ရှိခဲ့သဖြင့် ဝါးလုံးဖြင့် ထိုးကော်ကာ နုတ်ယူခဲ့သည်။ သို့သော် မည်သည့်အရာဖြစ်သည်ကို မသိရှိခဲ့ပေါ။

ဒီဇင်လာလ ၄ ရက်နေ့တွင် အိမ်နီးချင်းများကို ပြသကြည့်ရာ လေယာဉ်အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်ကြောင်း ပြောဆိုခဲ့သဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ရာ ပုသိမ်လေတပ်စခန်းဌါနချုပ်မှ တပ်မတော်အရာရှိများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လေယာဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ မည်သည့်လေယာဉ်၏ အစိတ်အပိုင်းဖြစ်ကြေင်းကိုမူ စုံစမ်းလျှက်ရှိသည်။

“လေယာဉ်ပျက်ကျတာ ဟုတ်လား၊ မဟုတ်လားဆိုတာတော့ ပုသိမ်လေတပ်စခန်းဌါနချုပ်ကပဲ စုံစမ်းစစ်ဆေးနေတုန်းပဲ။ လေယာဉ်ပစ္စည်းအစိတအပိုင်းပြုတ်ကျတာတော့မှန်တယ်။ ဘယ်ပစ္စည်း၊ ဘယ်လေကြောင်းလဲ ဘယ်နေရာကကျတာလဲ ဆိုတာတော့ စိစစ်နေတုန်းပဲ” ဟု အတည်ပြုပြောကြားခဲ့ကြောင်း ဒီမိုကရေစီတူဒေးတွင် ဖော်ပြပါရှိသည်။


 



Follow us on