1. Home
  2. Football

အမှတ်ပေးဇယားထိပ်ကို တက်ရောက်နိုင်ခဲ့သည့် အင်တာမီလန်

Football ธ.ค. 05, 2560 view 1,443

ယခုနှစ်ရာသီစီးရီးအေမှာ ခြေစွမ်းပြနေတဲ့ အင်တာမီလန်အသင်းဟာ ပွဲစဉ်(၁၅)အပြီးမှာ အမှတ်ပေးဇ ယားထိပ်ကိုတက်ရောက်နိုင်ခဲ့ပြီး သူတို့ရဲ့ခြေစွမ်းကောင်းတွေကို ဆက်လက်ထိန်းသိမ်းခဲ့ပါတယ်။ ယခုတစ်ပတ်စီးရီးအေမှာ ပုံစံကောင်းပြနေတဲ့ နာပိုလီအသင်းက ဂျူဗင်တပ်စ်အသင်းကို အိမ်ကွင်းမှာ (၁)ဂိုး၊ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ပြီးအင်တာမီလန်အသင်းက နာပိုလီအသင်းရဲ့ရှုံးပွဲကို အကောင်းဆုံးအသုံးချနိုင်ခဲ့ပါတယ်။ အင်တာမီလန်အသင်းဟာ ယခုနှစ်ရာသီမှာ ကြီးကြီးမားမားပြင်ဆင်မှုမရှိခဲ့ပေမယ့် နည်းပြစပယ်လက်တီပြောင်း လဲပြီးနောက်ပိုင်း တည်ငြိမ်တဲ့ ခြေစွမ်းတွေပြသထားတာဖြစ်ပါတယ်။လက်ရှိပွဲစဉ်(၁၅)အပြီးမှာထိရှုံးပွဲမရှိသေးပဲ လက်ရှိချန်ပီယံ ဂျူဗင်တပ်စ်အသင်းထက် ပိုမိုတည်ငြိမ်တဲ့ခြေစွမ်းတွေပြသထားတာဖြစ်ပါတယ်။

ယခုတစ်ပတ် ချီယေဗိုအသင်းနဲ့ပွဲစဉ်မှာလည်း အိမ်ကွင်းမှာ အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး ပီရီဆစ်ရဲ့ဟက်ထရစ်သွင်းဂိုးအပါအ ၀င် အီကာဒီတို့ရဲ့သွင်းဂိုးတွေနဲ့ (၅)ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ပွဲစဉ်(၁၅)အပြီးမှာ နိုင်ပွဲ(၁၂)ပွဲ၊ သရေပွဲ(၃)ပွဲနဲ့ ခြေစွမ်းကောင်းတွေပြသနေသလိုပွဲစဉ်တိုင်းကိုတည်တည်ငြိမ်ငြိမ်နဲ့ ရလဒ်ကောင်းတွေရယူထားတာဖြစ်ပါတယ်။ ယခုတစ်ပတ်မှာ စီးရီးအေအမှတ်ပေးဇယားရဲ့ အလှည့်အပြောင်းက နာပိုလီအသင်းနဲ့ ဂျူဗင်တပ်စ်အသင်းတို့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီး အင်တာမီလန်အသင်းကနာပိုလီအသင်းရဲ့ရှုံးပွဲကိုအသုံးချကာ အမှတ်ပေးဇယားထိပ် ကိုတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ယခုနှစ်စီးရီးအေကတော့ ယခင်နှစ်တွေကထက် ပိုမိုအကြိတ်အနယ်ရှိဖို့ များပြီး ချန်ပီယံဆုအတွက် နာပိုလီ၊ အင်တာမီလန်၊ ဂျူဗင်တပ်စ်၊ ရိုးမားအသင်းတို့က အပြိုင်ဖြစ်နေပါတယ်။ ပိုပြီးအားရစရာကောင်းတာက နာပိုလီအသင်းနဲ့ အင်တာမီလန်အသင်းတို့ရဲ့ အင်အားတောင့်တင်းလာမှုဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းရဲ့ကြီးစိုးမှုကို အဆုံးသတ်ဖို့ကြိုးစားရမှာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းကလည်း ကစားသ မားအင်အားလျော့နည်းသွားပေမယ့် သူ့ရဲ့အရှိန်အ၀ါကို ဆက်လက်ပြသနေပြီး ယခုတစ်ပတ်မှာလည်း နာပိုလီ အသင်းကို အဝေးကွင်းမှာ အနိုင်ကစားကာ ပြိုင်ဘက်တွေကို တပ်လှန့်ထားတာဖြစ်ပါတယ်။



Follow us on