1. Home
  2. Movie Stars - Celebrity

ဇနီးဟောင်းရဲ့ ရင်ခွင်မှာ ဖြေသိမ့်ရန် ပြန်လည်ခိုလှုံနေတဲ့ ဘရတ်ပစ်

Movie Stars - Celebrity ธ.ค. 05, 2560 view 1,708

ကမ္ဘာကျော် ဟောလိဝုဒ်ရုပ်ရှင်စုံတွဲဖြစ်တဲ့ ဘရတ်ပစ်နဲ့ အင်ဂျလီနာဂျိုလီတို့ အိမ်ထောင်ရေး အဆင်မပြေမှုများကြောင့် ၂၀၁၆ ခုနှစ် စက်တင်ဘာလထဲက လူသိရှင်ကြား လမ်းခွဲပြတ်စဲခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ တရားဝင်ကွာရှင်းခွင့် လျှောက်ထားချိန်မှာ အိမ်ခွဲနေထိုင်ခဲ့ကြပြီး ဘရတ်ပစ်တစယောက်ကတော့ စိတ်ဒဏ်ရာ နောင်တများစွာနဲ့ ခိုကိုးရာမဲ့ လေလွင့်နေခဲ့ပါတယ်။

အင်ဂျလီနာဂျိုလီအတွက် နှစ်သိမ့်ပေးနိုင်ဖို့ ဆွေမျိုးအသိုင်းဝိုင်းနဲ့ သားသမီး ၆ ဦးရှိတာကြောင့် ဖြေသိမ့်နိုင်စရာရှိခဲ့ပါတယ်။ ဘရတ်ပစ်က ခိုလှုံရာရင်ခွင်မရှိတော့တဲ့ အချိန်မှာ နောင်တများစွာနဲ့ ဇနီးဟောင်းဖြစ်သူ ဂျနီဖာအနစ်စတန်ရဲ့ ရင်ခွင်မှာ ပြန်လည်ခိုလှုံပြီး စိတ်သက်သာရာရှာနေကြောင်း The Inquisitr သတင်းက ဖော်ပြရေးသားခဲ့ပါတယ်။


ဘရတ်ပစ်က ဂျနီဖာအနစ်စတန်ကို စွန်ပစ်ခဲ့ပြီး အင်ဂျလီနာဂျိုလီနဲ့ လက်တွဲခဲ့တဲ့အတွက် ဂျနဖီအရှက်ရစေခဲ့မှုကို မျက်ရည်စက်လက်နဲ့ ပြန်လည်တောင်းပန်ခဲ့ပြီး ဂျနီဖာကလည်း တောင်းပန်မှုကို ခွင့်လွှတ်လက်ခံခဲ့ကြောင်း ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ ဂျနီဖာအနစ်စတန်က ၁၀ နှစ်ကျော် လက်တွဲခဲ့ဖူးတဲ့ ခင်ပွန်းဟောင်းဖြစ်သူ ဘရတ်ပစ်ကို နှစ်သိမ့်အကြံဉာဏ်ပေးမှုတွေနဲ့ စိတ်သက်သာရာရအောင် ဂရုစိုက်ပေးနေပါတယ်။

တစ်ဖက်မှာလည်း အင်ဂျလီနာဂျိုလီက ဘရတ်ပစ်နဲ့ ကွာရှင်းရန် ဆုံးဖြတ်ခဲ့မှုအပေါ် အကြီးအကျယ် နောင်တရနေဟန်ရှိပြီး ကွာရှင်းမှုကို အချိန်ဆွဲနေကြောင်း သတင်းများ ထွက်ပေါ်လျှက်ရှိပါတယ်။


ဘရတ်ပစ်ဟာ ဂျိုလီနဲ့ ၂၀၀၅ ခုနှစ် Mr & Mrs Smith ရုပ်ရှင်ရိုက်ကူးစဉ် အနီးကပ်ဆုံတွေ့ခဲ့ပြီးနောက် တဒင်္ဂသာယာစိတ်နောက်ကို လိုက်ခဲ့ပြီး ဇနီးဟောင်းဖြစ်သူ ဂျနီဖာအနစ်စတန်ကို ချက်ခြင်းကွာရှင်းပြီး ဂျိုလီနဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဂျိုလီရဲ့ မွေးစားကလေးကိစ္စ၊ ဘရတ်ပစ်ရဲ့ အရက်စွဲနေတဲ့ ပြဿနာတွေနဲ့ အိမ်ထောင်ရေး မသာမယာဖြစ်ကာ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ ခုချိန်ထိတော့ သူတို့နှစ်ဦး တရားဝင်ကွာရှင်းမှု မရှိသေးပါ။

 



Follow us on