1. Home
  2. Special or Others

ရှီဇူးခွေးလေးအား ရိုက်နှက်ပြီး မျက်လုံးထုတ်သူကို ဖမ်းဆီး

Special or Others ธ.ค. 05, 2560 view 1,818

အသက် ၃ နှစ်အရွယ် ရှီဇူးအိမ်မွေးခွေးလေးအား ဦးခေါင်းကို ရိုက်နှက်ပြီးနောက် မျက်လုံးတစ်ဖက် ကော်ထုတ်ခဲ့သူ အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးအား တိရိစ္ဆာန်ညှင်းပန်းနှိပ်စက်မှု ဥပဒေဖြင့် ဒီဇင်ဘာလ ၂ ရက်နေ့က ဖမ်းဆီးခဲ့သည်။

အမေရိကန်နိုင်ငံ လောင်းအိုင်းလန်းတွင် နေထိုင်သော အသက် ၂၀ အရွယ် Aaron Kluger ဆိုသူက သူ၏မိဘများ မွေးထားသော ရှီဇူးခွေးလေးက သူ့ကို ကိုက်သဖြင့် နိုဝင်ဘာလ ၆ ရက်နေ့က ခွေး၏ ဦးခေါင်းကို ရိုက်နှက်ပြီး ညာဘက်မျက်လုံးကို ကော်ထုတ်ပစ်ခဲ့သည်။ ထို့ကြောင့် ခွေးလေး Chloe ကို တရိစ္ဆာန်ဆေးရုံသို့ အလျှင်အမြန်တင်ပို့ခဲ့ရသည်။

ခွေး၏ မျက်လုံးတစ်ဖက်ကို နေရာမှာပြန်ထားကာ ခွဲစိတ်ကုသပေးခဲ့ပြီး အနီးကပ်ဂရုစိုက်စောင့်ကြည့် ကုသမှုပေးရန်လိုအပ်ပြီး မျက်လုံးပြန်မြင်လာနိုင်လိမ့်မည်ဟု ဆရာဝန်များက မျှော်လင့်ထားကြသည်။

Kluger ကိုမူ တိရိစ္တာန်ညှင်းပန်းမှု၊ ဒဏ်ရာရစေခဲ့မှုတို့ဖြင့် တိရိစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က တရားစွဲဆိုခဲ့ပြီး လာမည့် ဒီဇင်ဘာ ၂၇ ရက်နေ့တွင် Hempstead ရှိ တရားရုံတွင် အမှုရင်ဆိုင်ရမှာဖြစ်ပါတယ်။


ယခုကဲ့သို့ ခွေးကိုရိုက်နှက်မှုမျိုးမှာ ပထမဦးဆုံးမဟုတ်ပဲ လွန်ခဲ့သော သြဂုတ်လအတွင်းက ကနေဒါအမျိုးသမီးတစ်ဦးက သူမ၏ခွေးကို ရထားပေါ်တွင် လူအများကြားရိုက်နှက်မှုဖြစ်ခဲ့ပြီး သူမအပေါ် အရေးယူခြင်းရှိ၊ မရှိကိုမူ မသိရှိရပေ။
 



Follow us on