ကမ္ဘာ့ကုန်းတွင်းပိုင်းနဲ့ ထိစပ်ခြင်းမရှိပဲ ပစိဖိတ်သမုဒ္ဒရာတွင်းက ကျွန်းနိုင်ငံတစ်ခုဖြစ်တဲ့ ပါပွနယူးဂနီ နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘာသာစကားမျိုးကွဲပေါင်း အများဆုံးပြောဆိုတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။
ပစိဖိတ်သမုဒ္ဒရာရဲ့ အနောက်တောင်ပိုင်းမှာ တည်ရှိပြီး အကျယ်အဝန်း ၄၆၂,၈၄၂ စကွဲကီလိုမီတာရှိပါတယ်။ လူဦးရေ ၇ သန်းကျော်နေထိုင်ပြီး နိုင်ငံတစ်ခုအတွင်းမှာ ပြောဆိုသုံးနှုန်းကြတဲ့ ဘာသာစကားမျိုးကွဲပေါင်း (၈၅၀)ရှိပါတယ်။
ဒါဟာ တစ်ကမ္ဘာလုံးမှာပြောဆိုနေကြတဲ့ ဘာသာစကားပေါင်းရဲ့ ၁၃% ဖြစ်ပြီး ကမ္ဘာပေါ်မှာ ဘာသာစကားအများဆုံး နိုင်ငံတစ်ခုအဖြစ်ရှိနေပါတယ်။ မတူညီတဲ့ မျိုးနွယ်စုတွေ နိုင်ငံတစ်ခုထဲမှာ အုပ်စုလိုက် သီခြားစီနေထိုင်ကြတာကြောင့် ဘာသာစကားတင် ကွဲပြားတာမဟုတ်ပဲ ယဉ်ကျေးမှုတွေပါကွဲပြားမှု အများဆုံး ထူးဆန်းတဲ့ နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။
ရုံးသုံးဘာသာစကားအဖြစ် Tok Pisin, English နဲ့ Hiri Motu ဆိုတဲ့ ဘာသာစကားတွေကို သတ်မှတ်ထားကြပါတယ်။ ဓနသဟာရနိုင်ငံတစ်ခုဖြစ်တဲ့ ပါပွနယူးဂနီ နိုင်ငံဟာ သဘာဝတောတောင်ရေမြေသဘာဝတွေ မပျက်ဆီးသေးတဲ့ သာယာလှပတဲ့ ကျွန်းနိုင်ငံတစ်ခုလည်းဖြစ်ပြီး ရှေးဆန်တဲ့ တောတွင်းနေမျိုးနွယ်စုတွေကိုလည်း တွေ့နိုင်ပါသေးသည်။
ပါပွနယူးဂနီ ပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယဘာသာစကားအများဆုံးနိုင်ငံအဖြစ် အင်ဒိုနီးရှား (၇၄၂ မျိုး)နဲ့ တတိယအဖြစ် နိုက်ဂျီးရီးယား (၅၁၆ မျိုး) တို့ဖြစ်ကြပါတယ်။