1. Home
  2. Good Morning Myanmar

ဒုံးကျည်အချက်ပေးဥသြစနစ် ဟာဝိုင်ယီကျွန်းတွင် စမ်းသပ်ခဲ့

Good Morning Myanmar ธ.ค. 06, 2560 view 1,580

ကျွန်းကိုဦးတည်တဲ့ ဒုံးကျည် ပစ်လွှတ်မှုတွေရှိလာရင် အချက်ပေးမယ့် ဥသြစနစ်ကို အမေရိကန်ပိုင် ဟာဝိုင်ယီကျွန်းမှာ ဒီဇင်ဘာလ(၁)ရက်က စမ်းသပ်ခဲ့ ပါတယ်။အမေရိကန်နိုင်ငံပိုင် ဟာဝိုင်ယီကျွန်းမှာ မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်ပစ်လွှတ် တိုက်ခိုက်လာရင် ကြိုတင်သတိပေးတဲ့ အချက်ပေးဥသြစနစ်ကို ဒီဇင်ဘာလ(၁)ရက်မှာ စမ်းသပ်ခဲ့ပါတယ်။ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်လို့ ပြောထားတဲ့ ဒုံးကျည် တစ်စင်းကို မြောက်ကိုရီးယားနိုင်ငံက ပြီးခဲ့တဲ့တစ်ပတ်မှာ ပစ်လွှတ်ခဲ့ပြီးနောက် အခုအချက်ပေးစနစ်ကို စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

ဒုံးကျည်ဟာ အမေရိကန်နိုင်ငံအထိရောက်နိုင်တယ်လို့ မြောက်ကိုရီးယား ဘက်က ပြောထားပါတယ်။ ဟာဝိုင်ရီကျွန်းရဲ့ မြို့တော် ဟိုနိုလူလူမှာ အချက်ပေးဥသြသံ (၁)မိနစ်လောက် မြည်ခဲ့ပါတယ်။ ကျွန်းကိုလာတဲ့ ကမာ်္ဘလှည့်ခရီးသည်တစ်ဦးကတော့ အရေးပေါ်အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်ထားတာ ကောင်းတဲ့အချက်ဖြစ်တယ်လို့ ပြောခဲ့ပေမဲ့ ဒေသခံတချို့ကတော့ ရုတ်တရက်မြည်လာတဲ့ အချက်ပေးဥသြက ဘာမှန်းမသိဖြစ်ခဲ့လို့ အာဏာပိုင်တွေအနေနဲ့ စမ်းသပ်မှုနဲ့ပတ်သက်ပြီး ကမ္ဘာလှည့် ခရီးသည်တွေနဲ့ ဒေသခံတွေကို ကြိုတင်သတိပေးထားဖို့ ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ဒုံးကျည်ပစ်လွှတ်မှုက ဟာဝိုင်ယီ ကျွန်းကို ဦးတည်နိုင်ခြေနည်းပေမဲ့ ကြိုတင်ပြင်ဆင်မှုပြုလုပ်ထားတာကတော့ ကောင်းတဲ့လက္ခဏာ ဖြစ်တယ်ဆိုပြီး ကျွန်းရဲ့ အရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီ အကြီးအကဲ ဗာမီယာဂီက ပြောပါတယ်။ အချက်ပေးဥသြက ဒေသခံတွေကို ဘေးလွတ်ရာ ရှောင်စေနိုင်ဖို့ အချိန်မိနစ်(၂၀)လောက် ရစေလိမ့်မယ်ဆိုပြီး သူကပြောပါတယ်။ လစဉ်အချက်ပေးဥသြစနစ်စမ်းသပ်မှုတွေကို ပြုလုပ်သွားမယ် လို့လည်း သူကပြောပါတယ်။

https://www.facebook.com/GoodMorningMyanmarLive/videos/2174420385917413/

 

 



Follow us on