1. Home
  2. Myanmar News

ဘီယာဆိုင်တွင် ရိုက်နှက်ခံခဲ့ရသောဆရာတော်အား NLD မှ ငွေကျပ်(၁၀)သိန်းလှူဒါန်း

Myanmar News ธ.ค. 07, 2560 view 1,726

ထောက်ကြံ့မြို့နယ်အတွင်းရှိ လမင်းသာ(၂) စားသောက်ဆိုင်တွင် ရိုက်နှက်ခံရသော ဆရာတော်ဘဒ္ဒန္တဣန္ဒကအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအမျိုးသမီကော်မတီဥက္ကဌ ဒေါက်တာဒေါ်မေဝင်းမြင့်နှင့် အဖွဲ့ဝင်များက ငွေကျပ်(၁၀)သိန်းကို ဒီဇင်ဘာလ(၆)ရက်နေ့က
ဆပ်ကပ်လှူဒါန်းခဲ့သည်။


လတ်တလောတွင် ဆရာတော်ကြီးသီတင်းသုံးနေသော ဗဟန်းမြို့ နယ် ရေတာရှည်လမ်းဟောင်းရှိ သမ္မတသင်္ဃန်းတိုက်သို့ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ဆရာတော်ကြီး၏ ကျန်မာရေးအခြေအနေကိုလည်း အနီးကပ်မေးမြန်းကြည့်ရှုခဲ့ကြသည်။


လက်ရှိတွင် ဆရာတော်ဘဒ္ဒန္တဣန္ဒက ၏ ကျန်းမာရေးအသုံးစရိတ်နှင့် နဝကမ္မလှူဒါန်းငွေ သိန်း(၇၀) ကျော်ရရှိနေပြီဖြစ်ပြီး လှူဒါန်းလိုသူများအနေနဲ့ သမ္မတသင်္ဃန်းတိုက်မှ ဦးသန်းနိုင်ထံ လှူဒါန်းနိုင်ကြောင်း သိရှိရသည်။


ဆရာတော်ကြီးအား ရိုက်နှက်ခဲ့သော စာသောက်ဆိုင်ပိုင်ရှင် ဦးအောင်မိုးနှင့် ဘုန်းကြီးမှလူဝတ်လဲထားသူ ဦးမြင့်ကျော်(ခ)မြင့်သိန်း(ခ)ဦးပညာသာရ တို့အား ရာဇသတ်ကြီးပုဒ်မ ၂၉၅−က/၃၂၃/၄၀၃/၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူ စစ်ဆေးလျှက်ရှိသည်။

 



Follow us on