1. Home
  2. Movie Stars - Celebrity

အတုဆိုလို့ မျက်တောင်တုတောင် မတပ်ဘူး လို့ ပြောလိုက်တဲ့ ခြူးဆစ်ဟန်

Movie Stars - Celebrity ธ.ค. 07, 2560 view 2,041

Body အလှကြောင့် နာမည်ကြီးနေသူတွေထဲမှာ ခြူးဆစ်ဟန်လည်း တစ်ယောက်အပါအ၀င်ပါ။ Miss Golden Land Myanmar (2015) ပြိုင်ပွဲမှာ Miss Face of Beauty Myanmar တစ်ယောက်လည်း ဖြစ်ပါတယ် ။  အခုနောက်ပိုင်းမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်နေပါတယ်။ ကြော်ငြာတွေ ရိုက်ကူးပေးနေတာတွေ့ရပါတယ်။

သူမရဲ့ လှပတဲ့ body အလှဓါတ်ပုံတွေကို အွန်လိုင်းမှာရှိတဲ့ တင်တုရောင်းတဲ့ ကြော်ငြာတွေမှာ အသုံးချနေကြပါတယ်။သူမပုံတွေကိုသုံးပြီး တင်တုရောင်းတာမျိုးတွေမလုပ်ဖို့ ခြူးဆစ်ဟန်က ပြောလိုက်ပါတယ် ။  သူမပုံတွေကိုသုံးပြီး တင်တုရောင်းနေတာဟာ သူမကလည်း အတုသုံးတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးသက်ရောက်သွားတာကြောင့်

 

“ရောင်းတော့လဲ ရောင်းကြပေါ့ အကိုတို့အမတို့ရယ် တူအောင်လဲရောင်းကြပေါ့ ဒီတင်တုကိုဝတ်မယ်ဆိုရင်ဖြင့်  ပေါင် အောက်ထိ ဘောင်းဘီကရောက်နေမှာပေါ့  အခုဟာက ခေးပုံထဲက ဘောင်းဘီအရာက GS ဆိုတော့ တစ်ဝက်ပဲ ပါလို့ပါ ကိုယ့်စီးပွား ကိုယ်လုပ်ကြပေါ့ ခေး ပုံတော့ ယူမသုံးကြနဲ့ လေ ခေးမှာ အတုဆိုလို့ မိတ်ကပ်လိမ်းရင်တောင် မျက်တောင်တု မတက်ဘူး JL လို ပေါင်တင်ပြီး တရားဆွဲရမလား ?? ဒါပင်မဲ့ ဝမ်းသာပါတယ် ရောင်းကောင်းကြပါစေ…” ဆိုပြီး ရေးသား ထားပါတယ်။



Follow us on