FAဖလားတတိယအဆင့်ပွဲစဉ်တွေ ထွက်ပေါ်လာခဲ့တဲ့အချိန်မှာတော့ လီဗာပူးလ်အသင်းနဲ့ အဲဗာတန် အသင်းတို့တွေ့ဆုံနေခဲ့ပြီး တခြားပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေကတော့ ပွဲစဉ်အနေအထားအရ နောက် တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ သေချာသလောက်ရှိနေပါတယ်။ ယခုနှစ်ဘောလုံးရာသီ FA ဖလားတတိယအဆင့်ပွဲစဉ်တွေမှာတော့ ပရီးမီးယားလိဂ်အသင်းအချင်းချင်း တွေ့ဆုံနေတဲ့ပွဲတွေပါဝင်ခဲ့ပြီး လီဗာပူးလ်နဲ့အဲဗာတန်၊ မန်စီးတီးနဲ့ဘန်လေ၊ ဘရိုက်တန်နဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းတို့ ထိပ်တိုက်တွေ့ဆုံနေကြပါတယ်။
ကျန်တဲ့ပရီးမီးယားလိဂ်အသင်းတွေကတော့ ပွဲစဉ်ရေးဆွဲမှုအရ ပြိုင်ဘက်အသင်းတွေကိုအလွယ်တကူကျော်ဖြတ်နိုင်ဖို့ရှိနေပြီး ထိပ်သီးအသင်းတွေဖြစ်ကြတဲ့ အာဆင်နယ် ကနော်တင်ဟမ်ဖောရက်စ်၊ မန်ယူအသင်းကဒါဘီကောင်တီ၊စပါးအသင်းက၀င်ဘယ်ဒန်၊ ချဲလ်ဆီးအသင်းက နောဝစ်ခ်ျအသင်းတို့နဲ့ တွေ့ဆုံနေပါတယ်။FA ဖလားတတိယအဆင့်ပွဲစဉ်တွေထဲမှာ အကြိတ်အနယ်အရှိဆုံး ဖြစ်မယ့်ပွဲစဉ်ကလီဗာပူးလ်အသင်းနဲ့အဲဗာတန်အသင်းတို့ရဲ့ပွဲစဉ်ဖြစ်ပြီး ပြိုင်ဆိုင်မှုပြင်းထန်တဲ့ မြို့ခံပြိုင်ဘက် အသင်းတွေဖြစ်တာကြောင့် (၂)သင်းတွေ့ဆုံလေ့ရှိတိုင်းရေကုန်ရေခမ်းပြိုင် ဆိုင်တတ်ကြတာဖြစ်ပါတယ်။ ပရီးယားလိဂ်မှာထိပ်ဆုံးက ဆက်လက်ဦးဆောင်နေတဲ့ မန်စီးတီးအသင်းကတော့ အသင်းကြီးတွေကို မာမာထန်ထန် ကစားတတ်တဲ့ဘန်လေအသင်းနဲ့ တွေ့ဆုံနေတာကြောင့် မန်စီးတီးအသင်းရဲ့ခြေစွမ်းတည်ငြိမ်မှု ကိုထပ်မံစမ်းသပ်မယ့် ပွဲတစ်ပွဲဖြစ်လာဖို့ရှိနေပါတယ်။
အာဆင်နယ်၊မန်ယူ၊ စပါးနဲ့ချဲလ်ဆီးအသင်းတို့ကတော့ ချန်ပီယံရှစ်အသင်းတွေ၊ပထမတန်းလိဂ်ကအသင်းတွေနဲ့တွေ့ဆုံနေတာကြောင့် နောက်တစ်ဆင့်ကိုတက်ရောက် နိုင်ဖို့သေချာသလောက်ရှိနေပါတယ်။ FA ဖလားပြိုင်ပွဲတွေမှာ အအောင်မြင်ဆုံးအသင်းကတော့ အာဆင် နယ်အသင်းဖြစ်ပြီး FA ဖလားပြိုင်ပွဲတစ်လျှောက် ဆုဖလား(၁၃)ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ FA ဖလားရဲ့ တတိယအဆင့်ပွဲစဉ်တွေကို (၂၀၁၈)ခုနှစ် ဇန်န၀ါရီလ(၆)ရက်နေ့မှာ စတင်ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။
https://www.facebook.com/GoodMorningMyanmarLive/videos/2175961775763274/