1. Home
  2. Good Morning Myanmar

တောင်ကိုရီးယားနှင့်အမေရိကန်တို့ လေတပ်စစ် လေ့ကျင့်မှု ကြီးပြုလုပ်

Good Morning Myanmar ธ.ค. 07, 2560 view 1,510

ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေရှိနေသလို မြောက်ကိုရီးယားဘက်က ရှုတ်ချပြောဆိုမှု တွေရှိနေပမေဲ့ တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတို့ပူးပေါင်းပြီး လေတပ်လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။ မြောက်ကိုရီးယားက တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်ပြီး တစ်ပတ်အကြာမှာ တောင်ကိုရီးယားနဲ့ အမေရိ ကန်တို့ပူးပေါင်းပြီး လေတပ်လေ့ကျင့်မှုအကြီးစား တစ်ရပ်ကို ဒီဇင်ဘာလ(၄)ရက်ကစတင်ပြီး ပြုလုပ်နေပါတယ်။

အခုလေတပ် လေ့ကျင့်မှုဟာ နှစ်စဉ်ပုံမှန်ပြုလုပ်နေကျလေ့ကျင့်မှုဖြစ်ပြီး ဒီဇင်ဘာလ(၈)ရက်အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ လေ့ကျင့်မှု အတွင်း(၂၂)တိုက်လေယာဉ်(၆)စီးအပါအ၀င် လေယာဉ်နဲ့ရဟတ်ယာဉ်အစီးရေ (၂၃၀)ကျော်ပါဝင်တယ်လို့ တောင်ကိုရီးယား စစ်တပ်ဘက်ကပြောပါတယ်။ လေ့ကျင့်မှုမှာ(၃၅)တိုက်လေယာဉ်တွေ အပါအ၀င် ပဉ္စမမျိုးဆက်တိုက်လေယာဉ်တွေ ပါဝင်မှာ ဖြစ်ပြီး အမေရိကန်ကြည်း တပ်နဲ့ ရေတပ်က တပ်ဖွဲ့ဝင်ဦးရေ(၁၂,၀၀၀)ကျော်ပါဝင်မှာဖြစ်တယ်လို့ တောင်ကိုရီးယား အခြေစိုက် အမေရိကန်တပ်ဖွဲ့တွေရဲ့ပြောခွင့်ရှိသူက ပြောပါတယ်။

လေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်က ကိုရီးယားကျွန်းဆွယ်ရဲ့ ငြိမ်းချမ်းမှုနဲ့ လုံခြုံမှုရရှိစေဖို့နဲ့ စစ်ဆင်ရေးစွမ်းရည် အမြဲတမ်းအဆင်သင့်ရှိနေဖို့ဆိုတာတွေကို ထုတ်ဖော်ပြသဖို့ ဖြစ်တယ်ဆိုပြီး လေ့ကျင့်မှု စတင်မပြုလုပ်ခင်မှာ အမေရိကန်စစ်တပ်ဘက်က ပြောထားပါတယ်။ အခုလေတပ်လေ့ကျင့်မှုက ကိုရီးယားကျွန်းဆွယ်ရဲ့ တင်းမာမှုတွေကို ပိုဆိုးလာစေတယ်လို့ မြောက်ကိုရီးယားအာဏာပိုင် တွေဘက်က ကန့်ကွက်ပြောဆိုထားတယ်ဆိုပြီး မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက သတင်းဖော်ပြပါတယ်။

https://www.facebook.com/GoodMorningMyanmarLive/videos/2175944742431644/



Follow us on