1. Home
  2. Good Morning Myanmar

ဂျပန်၏နျူကလီးယားဆန့်ကျင်ရေးဆုံးဖြတ်ချက်အပေါ် ထောက်ခံမှုအနည်းငယ် ကျဆင်း

Good Morning Myanmar ธ.ค. 07, 2560 view 1,484

တနင်္လာနေ့က ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဂျပန်ရဲ့နျူကလီးယား လက်နက် ဖျက်သိမ်းရေး မူကြမ်းဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပေမဲ့ ပြီးခဲ့တဲ့နှစ်ကထက် ထောက်ခံမှု ကျဆင်းခဲ့ပါတယ်။ ထောက်ခံမှုကျဆင်းခဲ့တာဟာ နျူကလီးယားလက်နက်ဖျက် သိမ်းရေး ကြိုးပမ်းမှုကို ရည်ရွယ်လုပ်ဆောင်လာတာနည်းလာလို့ ဖြစ်ပါတယ်။ အောက်တိုဘာလမှာ ကျင်းပတဲ့ဂျပန်ဦးဆောင်တဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ကုလအထွေထွေညီလာခံမှာ ထောက်ခံမဲ (၁၄၄)မဲရရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကထက် ထောက်ခံမဲ(၂၃) မဲနည်းခဲ့တာပါတယ်။

(၂၀၁၆)ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံမှာ နျူကလီးယား လက်နက်ဖျက်သိမ်းရေးအဆိုကို (၁၅၆)နိုင်ငံက ထောက်ခံခဲ့ပြီး(၁၁)နိုင်ငံက ကန့်ကွက်ခဲ့ပါတယ်။ ဂျပန်နိုင်ငံဟာ နျူကလီးယားလက်နက်တွေ ဖျက်သိမ်းဖို့အတွက် ပြီးခဲ့တဲ့(၂၄)နှစ်ကတည်းက နှစ်စဉ်မူကြမ်းတွေ တင်ပြခဲ့ပြီး တင်ပြခဲ့တဲ့ မူကြမ်းအားလုံးကို ထောက်ခံမှုရခဲ့ပါတယ်။ အခုနှစ်တင်ပြတဲ့ မူကြမ်းကတော့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုနဲ့ အဲဒီခြိမ်းခြောက်မှုတွေက လုံခြုံရေးကိုထိခိုက်နိုင်တယ်ဆိုတာတွေကို အသားပေးဖော်ပြထားပြီး နျူကလီးယားလက်နက် မပြန့်ပွါးရေးစာချုပ်နဲ့ပတ်သက်လို့ ဖော်ပြတာနည်းခဲ့တဲ့အပြင် ကုလသမဂ္ဂရဲ့ နျူကလီးယား လက်နက်တားဆီးရေးစာချုပ်နဲ့ ပတ်သက်လို့လည်း ဖော်ပြခြင်းမရှိခဲ့ပါဘူး။ ဂျပန်နိုင်ငံဟာ အမေရိကန်အပါအ၀င် တခြားနိုင်ငံတချို့နဲ့ နျူကလီးယားပိတ်ပင်ရေးစာချုပ်ကို ဆန့်ကျင်ခဲ့ပါတယ်။

https://www.facebook.com/GoodMorningMyanmarLive/videos/2175929332433185/

 



Follow us on