1. Home
  2. Special or Others

ဆော်ကြည်ဘဲတစ်ယောက်ဖြစ်ဖို့ အချိန်လေးစက္ကန့်ပဲလိုတယ်

Special or Others ธ.ค. 07, 2560 view 2,055

သာမန်မိန်းကလေးတွေနဲ့စာရင် အမိုက်စား အချောစား ကောင်မလေးတွေကို တွေ့တဲ့အခါ သဘောကျပေမယ့် အဝေးကပဲငေးကြည့်ပြီး အနားသွားကပ်ဖို့ မရဲတတ်ကြပါဘူး။
တစ်ကယ်တော့ ဒါဟာ ကိုယ့်စိတ်ထဲက ကိုယ့်ဟာကိုယ်ဖြစ်လာတဲ့ အတားအဆီးတစ်ခုသာဖြစ်ပြီး ဒါလေးကို ကျော်နိုင်သွားရင်တော့ အချိန် လေးစက္ကန့်အတွင်းမှာတောင် သူနဲ့ရည်းစားဖြစ်သွားနိုင်ပါတယ်..။

အရေးကြီးတာက မိမိကိုယ်ကိုယ်ယုံကြည်မှု အပြည့်ရှိနေဖို့ပဲလိုပါတယ်။ ဒါပေမယ့် အရမ်းရဲတင်းပြီး ချဉ်းကပ်ပုံမမှန်ရင်လဲ အလွဲဖြစ်သွားတတ်ပါတယ်။ ဒီတော့ ဟာသဉာဏ်နဲ့ ဖော်ရွေတတ်တဲ့ ပုံစံကို စမတ်ကျကျအသုံးချနိုင်ဖို့လိုပါတယ်။ ဘယ်မိန်းကလေးမဆို ကိုယ့်ကို စတိုင်ကျကျနဲ့ မိတ်ဆက်လာတဲ့သူကို မငြင်းပယ်တတ်ကြပါဘူး။


Hooman ဆိုတဲ့ ငနဲက ကောင်မလေးတွေ ဘယ်လိုချဉ်းကပ်ရမလဲဆိုတာ ဗီဒီယိုနဲ့ လက်တွေ့ပြထားပါတယ်။ သူဟာ လေးစက္ကန့်အတွင်းမှာ ကောင်မလေးကို ပွေ့ချီနိုင်ပြီး နောက်ဆုံးမှာတော့ ကောင်မလေးတိုင်းက သူ့ကို ဖုန်းနံပါတ်ပေးပြီး ချိန်းဆိုတာကို လက်ခံခဲ့ကြတာ တစ်ကယ် အထင်ကြီးစရာပါပဲ..။


မြန်မာပြည်မှာတော့ ဒီလိုခြေမြန်လက်မြန်ကြီး ပွေ့မချီလိုက်နဲ့နော် အခန့်မသင့်ရင် ပါးချခံရနိုင်တယ် ကံမကောင်းရင်တော့ အမှုဖွင့်ခံရမှာနော်.. ဒါပေမယ့် သင့်ရဲ့ ရူပါနဲ့ စတိုင်ပေါ်မူတည်ပြီး ချက်ခြင်းလဲ အဆင်ပြေသွားနိုင်ပါတယ်။
 



Follow us on