1. Home
  2. Myanmar News

ငှက်ဖျားပိုးဝင်ပြီး စိတ်ဝေဒနာသည်ဖြစ်သွားရသည့် ကလေးအကူညီလိုအပ်နေ

Myanmar News ธ.ค. 08, 2560 view 1,518

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ် မန်အုံကျေးရွာတွင် အသက်(၁၀)နှစ်အရွယ် ကလေးတစ်ဦး ငှက်ဖျားပိုး ဦ:နှောက်ထဲဝင်ကာ စိတ်မနှံ့သော စိတ်ဝေဒနာသဖွယ်ဖြစ်သွားသဖြင့် လျှောက်ထွက်ပျောက်မသွားစေရန် မိဘများက ကြိုးနဲ့ချည်ထားရသည့် သနားစဖွယ်ကလေးတစ်ဦး ဆေးကုသရန် အကူညီများ လိုအပ်နေကြောင်း မိုးမိတ်မြို့ပါရမီရှင် လူမှုကူညီရေး အသင်းမှသိရှိရသည်။


အသက်(၁၀)နှစ်အရွယ် “ဇော်မိန်း” ဆိုသော ကလေးငယ်သည် ၂၀၁၂ ခုနှစ်က ငှက်ဖျားပိုးဝင်ခဲ့သဖြင့် မိုးမိတ်ပြည်သူ့ဆေးရုံသို့ တက်ရောက်ခဲ့ရကြောင်း မိခင်ဖြစ်သူက ပြောပြသည်။
ငှက်ဖျားပိုး ဦးနှောက်ထဲရောက်သည့်အတွက် ဦးနှောက်အာရုံကြောရောဂါဖြစ်သဖြင့် မိုးမိတ်ဆေးရုံက မိုးကုတ်မြို့ဆေးရုံသို့ တက်ရောက်ကုသရန် ညွှန်ကြားခဲ့သော်လည်း ဆေးကုသစရိတ်မရှိသဖြင့် ရွာသို့ပြန်ပြီး ဆေးမီးတိုများဖြင့် ကုသရာ ကလေးအခြေအနေမှာ မူမှန်သော စိတ်ရောဂါဝေဒနာရှင်သကဲ့သို့ ဖြစ်လာခဲ့တာ ငါးနှစ်ရှိခဲ့ပြီး ယခုဆိုလျှင် မိဘများ အလုပ်သွားချိန် အဖိုးအဖွားနှင့် ထားခဲ့ရသည့်အတွက် အဝေးမသွားနိုင်အောင် အိမ်တိုင်မှာ ကြိုးနှင့်ချည်နှောင်ထားရသည့် အခြေနေဖြစ်လာပြီဖြစ်သည်။

ကိုယ်ပိုင်လယ်ယာမရှိသော မိဘနှစ်ပါးမှာ အဖိုးအဖွားအိမ်တွင် ကပ်နေရပြီး ဧကဝက်မျှသာရှိသော ပဲပုတ်ယာခင်းနှင့် လုပ်ကိုင်စားသောက်နေရကြောင်းသိရှိရသည်။  သူတို့တွင် သားသမီး ၃ ယောက်ရှိသည့်အနက် ရောဂါဝေဒနာခံစားနေရသော “ဇော်မိန်း”မှာ အကြီးဆုံးသားဖြစ်ကြောင်း သိရှိရသည်။


နေ့လည်နေခင်းပူအိုက်ချိန်များတွင် အင်္ကျီအဝတ်အစားများ ချွတ်ပစ်တတ်ပြီး ကိုယ်လုံးဗလာနဲ့ ဆော့ကစားနေသော “ဇော်မိန်း” ကို သနားစဖွယ် တွေ့မြင်ရသည်။
အကူအညီပေး လှူဒါန်းလိုသူများအနေနဲ့ ဖုန်းနံပါတ် 09 256239510 ၊ဒေါ်မြမြထွေး (ဥက္ကဋ္ဌ) မိုးမိတ်မြို့ပါရမီရှင် လူမှုကူညီရေးအသင်းသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

 



Follow us on