1. Home
  2. Good Morning Myanmar

ဆန္ဒပြသူတွေနဲ့ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ဂါနာလုံခြုံရေးတပ်ဖွဲ့ဝင်များ

Good Morning Myanmar มิ.ย. 24, 2558 view 1,549

ရေကြီးမှုကိုထိန်းသိမ်းဖို့အတွက် ဂါနာအာဏာပိုင်တွေဟာ အိမ်အချို့ကို ဖြိုချမှုတွေပြုလုပ်ခဲ့တာကြောင့် ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပါတယ်။ဆန္ဒပြသူတွေဟာ ဇွန်လ (၂၂)ရက်နေ့က ရဲတွေနဲ့ ပဠိပက္ခဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူတွေဘက်က ကျောက်တုံးတွေနဲ့ ပစ်ဖတ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောကြားထားပါတယ်။ ဆန္ဒပြသူတွေကို တားမြစ်ဖို့ ရဲတွေက မျက်ရည်ယိုဗုံးတွေကို အသုံးပြုခဲ့ပြီး လူ(၅)ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။အိုးဖာဒမာနယ်မြေကနေ လွှတ်တော်ထိချီတက်ဆန္ဒပြသူ လူရာပေါင်းများစွာဟာလည်း စစ်တပ်ရဲ့တားဆီးမှုကြောင့် နောက်ပြန်လှည့်ခဲ့ရတယ်လို့ မျက်မြင်သက်သေတွေနဲ့ ရဲတွေကပြောကြားထားပါတယ်။ ဂါနာနိုင်ငံမှာ လူထုမငြိမ်မသက်မှု ဖြစ်ပွားခြင်းမျိုးဟာအလွန်ရှားပါးပြီး အိမ်နီးချင်း အာဖရိကနိုင်ငံတွေနဲ့မတူဘဲ နိုင်ငံရေးနဲ့ လူမှုရေးပြသာနာတွေကို တည်ငြိမ်စွာ ဖြေရှင်းနိုင်တဲ့ နိုင်ငံဖြစ်တယ်လို့ ရိုက်တာသတင်းငှာနက ဖော်ပြထားပါတယ်။ရေကြီးမှုကို ထိန်းချုပ်ဖို့အတွက် ကာလီမြစ်ဘေးနားမှာရှိတဲ့ ကန်တစ်ခုရဲ့ အနီးပတ်ဝန်းကျင်မီတာ (၁၀၀)ပတ်လည်က အဆောက်အအုံတွေကို အစိုးရကဖြိုချနေတာဖြစ်ပါတယ်။ အိမ်တွေဖြိုချခံရမှုကြောင့် လူထောင်ပေါင်းများစွာဟာ အိမ်ခြေရာမဲ့အဖြစ် နေထိုင်နေရပါတယ်။လက်ရှိမှာ ဂါနာနိုင်ငံအတွက် ရေကြီးမှုကို ထိန်းချုပ်ဖို့ဟာ အရေးပေါ်ပြသာနာတစ်ရပ် ဖြစ်နေပြီး ရေကြီးမှုကြောင့် လူပေါင်း (၅၀)ကျော်သေဆုံးထားပါတယ်။



Follow us on