1. Home
  2. Good Morning Myanmar

ထိုင်းတောင်ပိုင်းရေကြီးမှုများအတွင်း လူ(၁၅)ဦးသေဆုံး

Good Morning Myanmar ธ.ค. 08, 2560 view 1,534
ဲ့တစ်ပတ်ကတည်းက မိုးကြီးခဲ့တာကြောင့် ထိုင်းတောင်ပိုင်းက ရေလွှမ်းမိုးနေပြီး ရေကြီးမှုနဲ့ဆက်နွယ်နေတဲ့ သေဆုံးသူ(၁၅)ဦးရှိတယ်လို့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်လိုက် ပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းကရေကြီးမှုတွေကြောင့် သေဆုံးသူ(၁၅)ဦးရှိနေတယ်လို့ ထိုင်းသဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးနဲ့ လျော့ပါးသက်သာရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်အတွင်း မုတ်သုန်နှောင်းမိုးရွာသွန်းမှုတွေကြောင့် ထိုင်းနိုင်ငံ တောင်ပိုင်းက ခရိုင်တော်တော်များများမှာ ရေကြီးမှုတွေဖြစ်နေတာပါ။ ရေကြီးခဲ့လို့လူတစ်သန်းလောက်ဟာ ရေဘေး ရှောင်စခန်း တွေမှာ ပြောင်းရွှေ့နေထိုင်နေရပါတယ်။ အခုတော့ရေကြီးတာတွေ ပြန်လည်သက်သာစပြုနေပါပြီ။
 
 
ဆောင်ခလာကန်နဲ့ အနီးဆုံးဖြစ်ပြီး မြေနိမ့်ပိုင်းဒေသဖြစ်တဲ့ ဆောင်ခလာခရိုင်မှာတော့ ရေကြီးတာတွေ ဖြစ်နေဆဲပါ။ နာရာသီဝတ်ခရိုင်က မြို့(၃)မြို့မှာလည်း ရေကြီးမှုတွေ ကြုံတွေ့နေရဆဲဖြစ်ပါတယ်။ မိုးထပ်ရွာမရွာတော့ရင် ရက်ပိုင်းအတွင်း ရေပြန်ကျပြီး ပုံမှန်ပြန် ဖြစ်သွားမှာဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ထရန်ခရိုင်ကမြို့(၁၀)မြို့ အနက်(၉)မြို့မှာ ရေကြီးနေလို့ သဘာဝဘေးသင့်ဒေသအဖြစ် သတ်မှတ်ထားတာကိုလည်း ပြန်လည်ရုတ်သိမ်းတော့မှာဖြစ်ပါတယ်။ ရေဘေးသင့်သူတွေက အိမ်တွေကို ရှင်းလင်းရေးပြန်လုပ် နေကြပါပြီ။ ရေကြီးမှုကြောင့် ဒေသခံတွေရဲ့ အိမ်တွေနဲ့ အလုပ်အကိုင်တွေ ပျက်စီးခဲ့ရပြီး ပို့ဆောင်ရေးစနစ်ကိုလည်း ထိခိုက်ခဲ့ရ ပါတယ်။ မိုးထပ်မရွာဖို့ ဒေသခံတွေနဲ့ အာဏာပိုင်တွေက မျှော်လင့်နေကြပေမဲ့ ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တွေမှာ မိုးထပ်ကြီး နိုင်သေးတယ်လို့ ထိုင်းမိုးလေ၀သဌာနက ခန့်မှန်းပြောဆိုထားပါတယ်။
 
 
 
https://www.facebook.com/GoodMorningMyanmarLive/videos/2177410685618383/


Follow us on