1. Home
  2. Good Morning Myanmar

ခရီးသွားရာသီအစမှာ ကျိုက်ထီးရိုး၊ ပုဂံညောင်ဦးကိုခရီးသွား လည်ပတ်မှု များပြားလျက်ရှိ

Good Morning Myanmar ธ.ค. 08, 2560 view 1,566
၂၀၁၇ ခုနှစ်ခရီးသွားရာသီအစဖြစ်တဲ့ ဒီဇင်ဘာလဆန်းပိုင်းမှာတော့ ခရီးသွားတဲ့ သူတွေအနေနဲ့ ကျိုက်ထီးရိုး၊ ပုဂံဘုရားဖူးခရီးစဉ်တွေ ပိုမိုများပြားနေတာဖြစ်တယ်လို့ သိရပါတယ်။ ခရီးသွားရာသီဖြစ်တာကြောင့် ပြည်တွင်းခရီးသွားအများစုကတော့ ဘုရားဖူးနဲ့ အပန်းဖြေ သွားကြတာတွေရှိပြီး လာမယ့် ၂၀၁၈ ဇန်န၀ါရီလဆန်းပိုင်းမှာ ရသေ့တောင်ကနေ ကျိုက်ထီးရိုး ဘုရား ရင်ပြင်ထိပြေးဆွဲမယ့် ကေဘယ်(လ်)ကား စီမံကိန်းကြောင့် ကျိုက်ထီးရိုး ဘုရားဖူး ခရီးစဉ်ကတော့ ပိုများနေတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ပြင်ဦးလွင်မှာ ပန်းပွဲတော်ပြုလုပ်မှာဖြစ်တဲ့အတွက် မန္တလေး၊ ပြင်ဦးလွင် ခရီးစဉ်တွေပါ ပြေးဆွဲပေးနေတယ်လို့ ပြည်တွင်း ခရီးသွားလုပ်ငန်းတစ်ခုကပြောပါတယ်။
 
 
အခုနှစ်ကုန်ပိုင်းမှာ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တွေများနေတာကြောင့် အဲ့ဒီပိတ်ရက် တွေမှာ ပုဂံ၊ ညောင်ဦး၊ ပုပ္ပါးကို (၂ညအိပ်၃ရက်) ဘုရားဖူးခရီးစဉ်တွေကိုပါ သွားရောက် လည်ပတ်မှုတွေအပြင် တောင်ကြီး၊ အင်းလေး၊ ပင်းတယ စတဲ့ရှမ်းပြည်နယ် ဘုရားဖူးခရီးစဉ်တွေ ရှိနေတယ်လို့ သိရပါတယ်။ ဘုရားဖူခရီးစဉ်တွေအပြင် ချောင်းသာ၊ငွေဆောင် တို့လိုအပန်းဖြေခရီး တွေကိုပါသွားရောက်လည်ပတ်ကြတယ်လို့ လည်းသိရပါတယ်။ ဒါ့အပြင် မြ၀တီ၊ မဲဆောက်၊ ဘားအံ မှာဘုရားဖူးနှင့် အပန်းဖြေခရီးစဉ်တွေကိုလည်း သွားလာတာတွေ များနေတယ်လို့ လည်းပြောပါတယ်။
 
 
အရင်နှစ်တွေကထက် ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တွေဒီနှစ်မှာ ပိုများလာ တာကြောင့် ရက်တို၊ ရက်ရှည် ခရီးစဉ်တွေသွားလာကြပြီး အခုဒီဇင်ဘာလထဲမှာဆိုရင် ကြားရက် တွေထက် အပတ်စဉ် သောကြာနေ့ညနှင့် ခရစ္စမတ်ပိတ်ရက်နဲ့ နှစ်သစ်ကူးပိတ်ရက်တွေမှာ ကားလက်မှတ် ကြိုတင် ၀ယ်ယူထားမှုတွေပိုမိုများနေတာဖြစ်တယ်လို့လည်း ပြည်တွင်းခရီးသွား လုပ်ငန်းတွေထံမှ သိရပါတယ်။
 
 
https://www.facebook.com/GoodMorningMyanmarLive/videos/2177393482286770/


Follow us on