1. Home
  2. Special or Others

ရည်းစားအတွက် မျက်နှာခွဲစိတ်မှုပေါင်း ၃၀ ကျော်လုပ်ခဲ့ပြီးမှ နောင်တရခဲ့သူ

Special or Others ธ.ค. 08, 2560 view 1,697

တရုပ်နိုင်ငံက ယူကျူ့စတား Barry Ng ဆိုသူ အသက်(၂၂ နှစ်)အရွယ် မိန်းကလေးက သူမရဲ့ရည်းစား သဘောကျစေဖို့ မျက်နှာခွဲစိတ် ပြုပြင်မှု ၃၀ ကျော်လုပ်ခဲ့မိတဲ့အတွက် အရမ်းနောင်တရမိတယ်လို့ လူမှုကွန်ယက်ကနေတစ်ဆင့် သူမရဲ့ ဘဝအကြောင်းကို ဖွင့်ပြောပြခဲ့ပါတယ်။


သူမအသက် (၁၇ နှစ်) အရွယ် ကျောင်းသူဘဝမှာထဲက ပထမဦးဆုံးမျက်နှာခွဲစိတ်ပြုပြင်မှုကို လုပ်ခဲ့ပါတယ်။ အဲဒီအချိန်က ကျောင်းသားတွေအတွက် ဟောင်ကောင်ဒေါ်လာ ၇၉၉ နဲ့ အထူးလျှော့ဈေးရတာကြောင့်လဲ လုပ်ဖြစ်ခဲ့တာပါ။ အဲဒီနောက်မှာတော့ မျက်နှာခွဲစိတ်ပြုပြင်တဲ့ အကျင့်ကို စွဲလန်းပြီး မျက်နှာတစ်ခုလုံးနီးပါး ပြင်ဆင်ခဲ့တာ အခုဆိုရင် ဟောင်ကောင်ဒေါ်လာ ၁၇,၀၀၀ (ကျပ်သိန်း ၃၀) ကျော် ကုန်ကျခဲ့ပြီး ဖြစ်ပါတယ်။


အဲဒီအချိန်တုန်းက အသက် (၂၁ နှစ်)အရွယ် သူမထက်အသက်ကြီးတဲ့ ရည်းစားက သူမရဲ့မျက်နှာ အစိတ်အပိုင်းတွေနဲ့ ပက်သက်ပြီး ဟိုဟာကမလှဘူး၊ ဒီဟာက မလှဘူးနဲ့ ဝေဖန်ခဲ့တာကြောင့် (နဖူး၊ နှုတ်ခမ်း၊ မျက်ရစ်၊ နှာခေါင်း) တို့ကို ပြုပြင်ခဲ့ပါတယ်။


ဒါပေမယ့် သူ့ရည်းစားကတော့ အလိုလောဘ စိတ်တိုင်းမကျနိုင်သေးပါဘူး။ သူတို့နှစ်ဦး ချစ်တင်းနှောကြတဲ့အခါတိုင်း သူ့ရည်းစားက အပြာကားဖွင့်ထားပြီး ဇာတ်ကားထဲက အမျိုးသမီးကို မှန်းဆပြီး အတူနေခဲ့ကြောင်း၊ အပြာမင်းသမီးရဲ့ ရင်သားကြီးထွားမှုကို ကြည့်ပြီး “ကြီးလိုက်တာ.. ကောင်းတယ်” ဟုပင် အသံထွက်ခဲ့တယ်ဟု ပြောဆိုခဲ့ပါတယ်။


ဒါကြောင့် သူမရဲ့ရည်းစားစိတ်တိုင်းကျစေရန် ရင်သားခွဲစိတ်ပြုပြင်ဖို့ မိဘတွေဆီကနေ ပိုက်ဆံတောင်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရည်းစားဖြစ်သူက ငါလုပ်ခိုင်းတာ မဟုတ်ဘူးနော်လို့ ပြောဆိုခဲ့တဲ့အခါမှာတော့ နာကျင်မှုအပြည့်နဲ့ အသိတရားပြန်ဝင်လာပြီး နောက်ဆုံးမှာ ကလေကဝရည်းစားနဲ့ သူမ လမ်းခွဲခဲ့ပါတယ်။


အခုချိန်မှာ မူလကရုပ်သွင်ပြင်နဲ့ လုံးဝမတူတော့တဲ့ မျက်နှာခွဲစိတ်ပြုပြင်မှုတွေ အားလုံးအတွက် နောင်တရနေပြီး သူမရဲ့ဘဝရင်း မျက်နှာမျိုးပြန်လိုချင်မိကြောင်းပြောဆိုခဲ့ပြီး သူမလို အဖြစ်မျိုး အခြားမိန်းကလေး မဖြစ်အောင် သူမရဲ့ ဘဝအဖြစ်မှန်ကို ပြောပြခဲ့ပါတယ်။

 



Follow us on