1. Home
  2. Good Morning Myanmar

တောင်ကိုရီးယားတွင် ဒစ်ဂျစ်တယ်ငွေကြေး Bitcoin တန်ဖိုး ၀မ်(၁၆)သန်း ကျော်အထိ မြင့်တက်ခဲ့

Good Morning Myanmar ธ.ค. 11, 2560 view 1,476
တောင်ကိုရီးယားနိုင်ငံမှာ ဒစ်ဂျစ်တယ်ငွေကြေး(Bitcoin)တန်ဖိုးဟာ ဗုဒ်္ဓဟူးနေ့ နေ့လည်ခင်းမှာ ၀မ်ငွေ(၁၆)သန်းကျော်အထိ မြင့်တက်ခဲ့ပါတယ်။ Bitcoin တန်ဖိုးဟာ တောင်ကိုရီးယားနိုင်ငံမှာ အခုနှစ်ထဲမှာတင်(၁၁၀၀)ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ သတင်းအချက်အလက်ခိုးယူတာ၊တရားဝင်ငွေကြေးလွှဲပြောင်းပေးတဲ့ ကုမ်္ပဏီယောင်ဆောင်ပြီး ငွေလိမ်တာနဲ့အခြေခံလူတန်းစားတွေကို ငွေကြေးအယောင်ဆောင် လိမ်လည်တာတွေလို လိမ်လည်မှုတွေနဲ့အတူ Bitcoin တန်ဖိုးမြင့်တက်မှုလည်း ဖြစ်ပွားနေတာပါ။တောင်ကိုရီးယားနိုင်ငံသား တစ်သန်းကျော်လောက်ဟာ Bitcoin ရောင်းဝယ်မှုတွေ ပြုလုပ်နေတယ်လို့ တောင်ကိုရီးယားအာဏာပိုင်တွေက ပြောပါတယ်။
 
 
တောင်ကိုရီးယားနိုင်ငံဟာ Bitcoin ရောင်းဝယ်မှုဈေးကွက်ကို တခြားနိုင်ငံတွေထက် ပိုကြိုက်လာနေတယ်လို့ နယူးယောက်တိုင်းမ်သတင်းစာက သတင်းဖော်ပြပါတယ်။Bitcoin ငွေကြေးဟာ ခိုင်လုံမှုမရှိဘူးလို့ စီးပွားရေးပညာရှင်တွေရဲ့သတိပေးပြောဆိုချက်တွေရှိနေပေမဲ့ ငွေကြေးဆိုင်ရာအာဏာပိုင်တွေက စည်းမျဉ်းစည်းကမ်းတွေ၊ တိတိကျကျသတ်မှတ်ထားတဲ့ဥပဒေတွေ ရေးဆွဲတာမျိုးမရှိသေးပါဘူး။ Bitcoin နဲ့ပတ်သက်လို့ တောင်ကိုရီးယားနိုင်ငံတွင်း စည်းမျဉ်းစည်းကမ်း တိတိကျကျ သတ်မှတ်သင့်နေပြီလို့ တောင်ကိုရီးယားလွှတ်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။ Bitcoin အသုံးပြုမှုနဲ့ ပတ်သက်လို့ အခွန်ကောက်ခံမလားဆိုတာကို တောင်ကိုရီးယားအစိုးရက သုံးသပ်နေပါတယ်။
 
 
 
https://www.facebook.com/GoodMorningMyanmarLive/videos/2178962475463204/


Follow us on