1. Home
  2. Special or Others

မော်ဒယ်လ်တစ်ဦး အဝတ်အစားဗလာနှင့် အထပ် ၂၀ မှ ပြုတ်ကျသေဆုံး

Special or Others ธ.ค. 11, 2560 view 1,547

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ လူနေအိမ်ခန်း အထပ် ၂၀ လသာဆောင်မှ အဝတ်ဗလာနဲ့ အသက် ၁၉ နှစ်အရွယ် မော်ဒယ်လ်တစ်ဦး ကြာသပတေးနေ့ညပိုင်းက ပြုတ်ကျကာ သေဆုံးခဲ့ကြောင်း မလေးရှားရဲအဖွဲ့ သတင်းထုတ်ပြန်ခဲ့သည်။

သေဆုံးခဲ့သူမှာ Ivana Esther Robert Smit ဆိုသူဖြစ်ပြီး ဒတ်ခ်ျနှင့် ဘယ်လ်ဂျီယံ နှစ်နိုင်ငံသားခံယူထားသော အသက် ၁၉ နှစ်အရွယ်မော်ဒယ်လ်တစ်ဦးဖြစ်သည်။ အမူးလွန်နေချိန် အထပ် ၂၀ အမြင့် လာသာဆောင်မှ ပြုတ်ကျခဲ့ပြီး ၆ လွှာ လသာဆောင်ကြမ်းပြင်နဲ့ရိုက်ကာ သေဆုံးနေခဲ့ခြင်းဖြစ်သည်။


ထိုနေ့ညက Smit သည် သူမ၏ မိတ်ဆွေနှစ်ဦးဖြစ်သည့် အမေရိကန်အမျိုးသားနှင့် ကာဇစ်စတန်အမျိုးသမီး စုံတွဲတို့နဲ့အတူ ညဘက်အပြင်ထွက်ပြီး ပြန်လာခဲ့ခြင်းဖြစ်သည်။ သူမ အမူးလွန်ပြီး အဝတ်မပါပဲ လသာဆောင်သို့ ထွက်စဉ် ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး လတ်တလောတွင် အမှုကို ရုတ်တရက်မတော်တဆသေဆုံးမှုအဖြစ် သတ်မှတ်ထားကြောင်း လက်ထောက်ရဲအရာရှိ Shaharuddin Abdullah က ပြောကြားခဲ့သည်။
သေဆုံးမှုနှင့်ပက်သက်ပြီး အခြားသိရှိထားသူများအနေနဲ့ ရဲဌါနသို့ လာရောက်ဆက်သွယ်ကြရန်လည်း ပြောကြားခဲ့သည်။


Ivana Esther Robert Smit သည် သူမ အသက် ၁၅ နှစ်အရွယ် ၂၀၁၄ ခုနှစ်က မလေးရှားစူပါမော်ဒ်လ် ရွေးချယ်ပွဲကြီးတွင် ဒုတိယဆုဆွတ်ခူးရရှိခဲ့သော မော်ဒယ်တစ်ဦးလည်းဖြစ်သည်။
 



Follow us on