1. Home
  2. Myanmar News

ဂစ်တာဝိုင်းကနေ လူသတ်မှုဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ပန်းခြံကရန်ပွဲ

Myanmar News ธ.ค. 11, 2560 view 1,423

တောင်ကြီးမြို့ သစ်တောရပ်ကွက် ဇောတိကလမ်းရှိ ဗိုလ်ချုပ်ပန်းခြံ မြောက်ဘက်ဝင်ပေါက်တွင် လူငယ် (၅)ဦး ပလက်ဖောင်းပေါ်ထိုင်၍ ဂစ်တာတီးခတ်နေစဉ် လမ်းသွားလူငယ်တစ်ဦးက ခလုတ်ဝင်တိုက်မိရာက လူငယ်(၁၀)ဦး ပါဝင်သော ရန်ပွဲကြီးဖြစ်သွားပြီး သေဆုံးဒဏ်ရာရသူများ ရှိကြောင်း သတင်းရရှိသည်။


အုပ်စုလိုက်ရန်ဖြစ်မှုကြောင့် လင်းလင်း အမည်ရှိလူငယ်တစ်ဦး ဓါးဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး သားအိုနှင့် အီကို ဆိုသူနှစ်ဦးလည်း ဒဏ်ရာများရရှိခဲ့သည်။ အခင်းဖြစ်​​ရာနေရာသို့​ တောင်​ကြီးခရိုင်​ရဲတပ်​ဖွဲ့မှူးရုံးမှ တာဝန်ရှိရဲအရာရှိများ လာရောက်စစ်ဆေးခဲ့ပြီး အခင်းဖြစ်​​ပွားရာ နေရာတွင်​ဂစ်​တာအကျိုးအပိုင်းအစများကျန်​ခဲ့မှုကိုအ​ခြေခံ၍ ဂစ်​တာတီးသူများအား ခရိုင်​ရဲအဖွဲ့မှ ပူး​ပေါင်း၍ စုံစမ်းခဲ့ရာ ဂစ်​တာတီးသူစိုင်းဘိုဘို အပါအဝင် (၇)ဦးအား​သက်​​သေခံဓါးနှင့်အတူ ညတွင်းချင်း ဖမ်းဆီးရမိခဲ့ပြီး ကျန်တရားခံများကို ဆက်လက်စုံစမ်းဖော်ထုတ်လျှက်ရှိကြောင်း Shan Min Thar ထံမှ သိရှိရသည်။



Follow us on