1. Home
  2. Special or Others

လျှပ်စစ်စီးကရက်(Vape) ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး မျက်နှာတွင်ပြင်းထန်စွာဒဏ်ရာရ

Special or Others ธ.ค. 12, 2560 view 1,847

ဆေးလိပ်ဖြတ်သူများအကြား ရေပန်းစားနေသည့် E-Cigarette (သို့) Vape သောက်သုံးရင်း ပေါက်ကွဲမှုဖြစ်ကာ အသက် ၃၀ အရွယ်အမျိုးသားတစ်ဦး မျက်နှာတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။


အန်ဒရူးဟောလ် ဆိုသူအမျိုးသားသည် ပေါက်ကွဲဒဏ်ရာကြောင့် သွား(၇)ချောင်း ဆုံးရှုံးခဲ့ပြီး အဆင့် ၂ သတ်မှတ်ထားသော မီးလောင်ကျွမ်းမှုဒဏ် ခံစားခဲ့ရသည်။ သူသည် Vape ကိုသောက်သုံးလာခဲ့တာ တစ်နှစ်ခန့်ရှိပြီဖြစ်ပြီး ယခုပေါက်ကွဲမှု ဖြစ်စဉ်တွင် Vape ကို ပါးစပ်တွင် တပ်ထာသော အခြေနေကြောင့် သူ၏သွားများကို ဆုံးရှုံးခဲ့သလို ပါးပြင်နဲ့ လည်ပင်းမှာလည်း ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။


ဖြစ်ဖြစ်ခြင်းအနီးဆုံး ဆေးရုံသို့ ပို့နိုင်ခဲ့ခြင်းကြောင့် ဒဏ်ရာများကို အရေးပေါ်ကုသမှုခံယူနိုင်ခဲ့သည်။ Vape ပေါက်ကွဲရသည့် အကြောင်းရင်းကို သေချာမသိရှိရသော်လည်း ဘတ်ထရီကြောင့် ဖြစ်နိုင်စရာရှိသည်။ ဟောလ်က Vape သောက်သုံးသူများကို သူ့လိုအဖြစ်မျိုးမကြုံစေရန် ဓါတ်ပုံများနှင့်တစ်ကွ ဖော်ပြခဲ့ပြီး သတိထားသောက်ကြရန်နှင့် သူကတော့ တစ်သက်လုံး စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ရေးသားမျှဝေခဲ့သည်။
 



Follow us on