
ဒီဇင်ဘာလ ၁၂ ရက်နေ့နံနက် ၄ နာရီ ၄၅ မိနစ်အချိန်ခန့်က သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ကမာကြည်တံတားအဆင်းရှိ ကိုရီးယားအထည်ချုပ်စက်ရုံတစ်ခုဖြစ်သော Yangon Pan-Pacific International မီလောင်မှုဖြစ်ပွားခဲ့ရာ ကျပ်သိန်း ၇၀၀၀ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

မီးလောင်မှုကို Level 3 အဆင့်ယာဉ်အုပ်စု၊ မီးသတ်ယာဉ် ၄၇ စီး၊ အုပ်ချုပ်မှုယာဉ် ၈ စီး၊ အထောက်အကူပြုယာဉ် ၁၀ စီးနှင့် အခြားမိတ်ဖက်ယာဉ်များ ပူပေါင်းငြိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၃၅ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် မီးငြိမ်းသွားကြောင်း သိရှိရသည်။

မီးလောင်မှုကြောင့် စက်ရုံအဆောက်အဦ၊ ကုန်ကြမ်းနှင့် အချုပ်အလုပ်စက်များအပါအဝင် မြန်မာကျပ်ငွေ သိန်း ၇၀၀၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ရကြောင်းသိရှိရသည်။

အဆိုပါစက်ရုံမှာ ကိုရီးယားလူမျိုး Mr Lee Bo Sung ပိုင်ဆိုင်ပြီး ဝန်ထမ်းပေါင်း ၁၇၀၀ ကျော်ဖြင့် အမျိုးသား၊ အမျိုးသမီးဝတ် အင်္ကျီဘောင်းဘီ ဂျာကင်များချုပ်လုပ်သော စက်ရုံဖြစ်သည်။

မီးလောင်ကျွမ်းရသည့်အကြောင်းရင်းကိုမူ စုံစမ်းစစ်ဆေးလျှက်ရှိပြီး လက်ရတလောတွင် စက်ရုံမန်နေဂျာ ဦးမင်းဟန်ကို အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။
Photo:MFSD
comment