1. Home
  2. Special or Others

ဒိုင်နိုဆောများမျိုးတုန်းစေခဲ့သည့် ဥက္ကာခဲတွင် ကင်ဆာရောဂါကုသနိုင်သော အစွမ်းတွေ့ ရှိ

Special or Others ธ.ค. 13, 2560 view 1,546

သိပ္ပံပညာရှင်များက ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်တဲ့ အီရီဒီယမ် လို့ခေါ်တဲ့ သတ္တုတစ်မျိုးကို တွေ့ရှိ ခဲ့ကြပါတယ်။ ထိုသတ္တုဟာ လူတွေကိုတော့ ဘေးဒုက္ခမဖြစ်စေနိုင်ပါဘူး။ ထိုတွေ့ရှိချက်ကိုတော့ လန်ဒန်ရှိ Warwick တက္ကသိုလ် နှင့် တရုတ်ရှိ Yat-sen-sen တက္ကသိုလ် ရှိ သိပ္ပံပညာရှင်များက စမ်းသပ်တွေ့ ရှိခဲ့ ကြပါတယ်။

သိပ္ပံပညာရှင်တွေက အီရီဒီယမ်သတ္တုနဲ့ ဇီဝဓာတ်ပေါင်းကို ပေါင်းစပ်ပြီး ဓာတ်ခွဲခန်းသုံး အဆုတ်ကင်ဆာ ဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်ကြောင်း စမ်းသပ်တွေ့ရှိခဲ့ကြပါတယ်။ လေဆာရောင်ခြည်အနီကို အသုံးပြုကာ ထိုဓာတ်ပေါင်းကို ဓာတ်တိုးစေ၍ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။

သိပ္ပံပညာရှင်များက ထိုဖြစ်စဉ်ကို စောင့်ကြည့်ကာ ကင်ဆာဆဲလ်တွေကိုသာ တိုက်ဖျက်ပြီး လူ့ခန္ဓာကိုယ်တွင်းရှိ သာမန်ဆဲလ်များကို ဘေးဒုက္ခမဖြစ်စေနိုင်းကြောင်း တွေ့ရှိခဲ့ကြပါတယ်။ အဆိုပါတွေ့ရှိချက်သည် သိပ္ပံပညာနှင့်ဆေးပညာပေါင်းစပ်၍ ခြေလှမ်းသစ်တစ်ခု လှမ်းနိုင်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ Cokson Chiu က ပြောကြားခဲ့ပါတယ်။

ပရော်ဖက်ဆာ Peter Sader ကလည်း ဒီတွေ့ရှိ ချက်ဟာ လူတွေကို ဘေးသက်ရောက်မှု နည်းကြောင်း ထောက်ပြခဲ့ပါတယ်။ အီရီဒီယမ်သတ္တုဟာ ဥက္ကာခဲတွေ့မှာ တွေ့ရတတ်ပီး ကမ္ဘာပေါ်တွင် ရှားပါးပါတယ်။ ထိုသတ္တုကို ရေတွန် ၊ နယူးမက္ကဆီကိုတို့တွင် တွေ့ရပြီး လွန်ခဲ့သော ၆၆ နှစ်က ဒိုင်နိုဆောတွေကို မျိုးတုန်းစေခဲ့သော Yucatan ကျွန်းဆွယ်မှာ ကျခဲ့တဲ့ ဥက္ကာခဲ အပိုင်းအစတွေမှာလည်း တွေ့ခဲ့ရပါတယ်။



Follow us on