1. Home
  2. Football

အာဖရိကတစ်နှစ်တာအကောင်းဆုံး ကစားသမားဆုရရှိ ဆာလက်ခ်ျ

Football ธ.ค. 14, 2560 view 1,529
BBC ကပေးအပ်ချီးမြှင့်တဲ့ (၂၀၁၇)ခုနှစ်အတွက် အာဖရိကတစ်နှစ်တာအကောင်းဆုံး ကစားသမား ဆုကို လီဗာပူးလ်အသင်းရဲ့ တောင်ပံကစားသမားဆာလက်ခ်ျက ရရှိခဲ့ပါတယ်။ဆာလက်ခ်ျဟာ ယခင်နှစ်ဘောလုံးရာသီ ရိုးမားအသင်းမှာကစားစဉ်က အသင်းနဲ့အတူခြေစွမ်းပြကစား နိုင်ခဲ့သလို လီဗာပူးလ်အသင်းမှာလည်း ပိုမိုကောင်းမွန်တဲ့ခြေစွမ်းကို ဆက်လက်ပြသနိုင်ခဲ့ပြီး ဂိုးတွေသွင်းယူနေ ပါတယ်။ နိုင်ငံလက်ရွေးစင်အသင်းဖြစ်တဲ့ အီဂျစ်အသင်းအတွက်လည်း (၂၀၁၈)ကမ္ဘာ့ဖလားပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိအောင် အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ခဲ့ပြီး ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ အီဂျစ်အသင်း အနေနဲ့ အနှစ်(၂၀)ကျော်ဝေးကွာနေခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။
 
 
ဆာလက်ခ်ျ ဟာ(၂၀၁၇)ခုနှစ်အတွင်းမှာ ကလပ်အသင်းအတွက်ရော၊ နိုင်ငံအသင်းအတွက်ပါ အကောင်းဆုံးစွမ်းဆောင်ပေး နိုင်ခဲ့တာကြောင့် BBC ကပေးအပ်ချီးမြှင့်တဲ့ (၂၀၁၇)ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့တာဖြစ်ပါတယ်။ တစ်နှစ်တာအကောင်းဆုံးအာဖရိကအကောင်းဆုံး ကစားသမားဆုကို ပရီးမီးယားလိဂ်မှာကစားနေတဲ့ အာဖရိကကစားသမားတွေသာ အများဆုံးရရှိခဲ့ပြီး (၂၀၁၆)ခုနှစ်အတွက် အာဖရိကအကောင်းဆုံးကစားသမားဆုကို ပရီးမီးယားလိဂ်ကလပ် လက်စတာစီးတီးအသင်းရဲ့ အယ်ဂျီရီးယားတောင်ပံကစားသမား မာရက်ဇ်ကရရှိခဲ့သလို (၂၀၁၅)ခုနှစ်အတွက်ဆုကိုလည်း မန်စီး တီးအသင်းရဲ့ အိုင်ဗရီကို့စ်ကွင်းလယ်လူ ယာယာတိုရေးက ရရှိခဲ့ပါတယ်။
 
 
 
https://www.facebook.com/GoodMorningMyanmarLive/videos/2186316074727844/


Follow us on