1. Home
  2. Football

အမှတ်ပေးဇယားဦးဆောင်နေတဲ့အသင်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေတဲ့အသင်းတို့ကြား ရမှတ်ကွာဟမှု အများဆုံးဖြစ်နေသည့် ပရီးမီးယားလိဂ်

Football ธ.ค. 14, 2560 view 1,601
ကမ္ဘာပေါ်မှာ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးလိဂ်အဖြစ် သတ်မှတ်ခံထားရတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ ယခုနှစ်မှာတော့ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၅)ခုမှာအမှတ်ပေးဇယားဦးဆောင်နေတဲ့အသင်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေတဲ့အသင်းတို့ကြား ရမှတ်ကွာဟမှုအများဆုံးလိဂ်ပြိုင်ပွဲအဖြစ်ရှိနေပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ ပွဲစဉ်(၁၆)အပြီးမှာ အမှတ်ပေးဇယားထိပ်မှာရပ်တည်နေတဲ့ မန်စီးတီးအသင်း က ဒုတိယနေရာမှာရပ်တည်နေတဲ့ မန်ယူအသင်းကို (၁၁)မှတ်ဖြတ်ထားတာဖြစ်ပါတယ်။ ဒါဟာ ဥရောပထိပ် တန်းလိဂ်(၅)ခုမှာ ပထမနေရာမှာရပ်တည်နေတဲ့အသင်းနဲ့ ဒုတိယနေရာမှာရပ်တည်နေတဲ့အသင်းတို့ကြား ကွာဟမှုအများဆုံးရမှတ်ခြားနားချက်ဖြစ်ပါတယ်။
 
 
ယခင်ရာသီတွေမှာ စပိန်လာလီဂါ၊ အီတလီစီးရီးအေ၊ ဘွန်ဒက် လီဂါပြိုင်ပွဲတွေမှာ အမှတ်ပေးဇယားဦးဆောင်နေတဲ့အသင်းတွေက ဒုတိယနေရာမှာရှိနေတဲ့အသင်းတွေကို အမှတ်ကွာဟမှုအများကြီးဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်လေ့ရှိပေမယ့် ယခုနှစ်မှာတော့ ထူးထူးခြား ခြား ပရီးမီးယားလိဂ်ပြိုင်ပွဲက ရမှတ်ကွာဟမှုအများဆုံးဖြစ်နေပါတယ်။ ယခုနှစ်မှာ ပရီးမီးယားလိဂ်နောက် ရမှတ် ကွာဟမှုအများဆုံးရှိနေတဲ့ လိဂ်က ပြင်သစ်လိဂ်ဂူးဖြစ်ပြီး PSG အသင်းက ဒုတိယနေရာမှာရှိနေတဲ့ လိုင်ယွန်အ သင်းကို (၉)မှတ်ဖြတ်ထားတာဖြစ်ပါတယ်။
 
 
ရမှတ်ကွာဟမှုအနည်းဆုံးလိဂ်ပြိုင်ပွဲက စီးရီးအေပြိုင်ပွဲဖြစ်ပြီး အမှတ် ပေးဇယားကို ဦးဆောင်နေတဲ့ အင်တာမီလန်အသင်းက ဒုတိယနေရာမှာရှိနေတဲ့ နာပိုလီအသင်းကို(၁)မှတ်အ ကွာနဲ့သာဦးဆောင်နေပါတယ်။ လာလီဂါမှာတော့ ဘာစီလိုနာအသင်းက ဗလင်စီယာအသင်းကို (၅)မှတ်သာ ဖြတ်ထားသလို ဘွန်ဒက်လီဂါမှာလည်း ဘိုင်ယန်မြူးနစ်အသင်းက ဒုတိယနေရာမှာရှိတဲ့ လိုက်ဇစ်အသင်းကို (၈)မှတ်သာဖြတ်ထားပါတယ်။ ပြိုင်ဆိုင်မှုအပြင်ထန်ဆုံးဖြစ်တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကတော့ ယခုနှစ်မှာ မန်စီး တီးအသင်းက တခြားအသင်းတွေထက် ပြီးပြည့်စုံတဲ့ခြေစွမ်းပြထားပြီး ရလဒ်အရရော၊ ကစားပုံအရပါ ချန်ပီယံ ဆုကိုရရှိဖို့အနီးစပ်ဆုံးအသင်းအဖြစ် တစ်ပေးခံနေရပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကတော့ အစဉ်အဆက် အကြိတ်အနယ်အရှိဆုံးပြိုင်ပွဲဖြစ်ပြီး လက်ရှိပွဲစဉ်တွေမှာ မန်စီးတီးအသင်းကပဲ ယခုလိုမျိုးအမှတ်တွေဆက်ဖြတ်မလား၊ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်ပေါ်လာမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
 
 
https://www.facebook.com/GoodMorningMyanmarLive/videos/2186306298062155/


Follow us on