1. Home
  2. Special or Others

လုံခြုံရေးစက်ရုပ်အသုံးပြုမှု ပြင်းထန်စွာဝေဖန်ခံနေရ

Special or Others ธ.ค. 14, 2560 view 1,422

ဆန်ဖရန်စစ္စကိုမှာရှိတဲ့ တိရိစ္ဆာန်များခိုလှုံရေးစခန်းဟာ လုံခြုံရေးစက်ရုပ်ကို အသုံးပြုပြီး အိမ်ယာမဲ့ လူများကို ခြောက်လှန့်ဖို့ရည်ရွယ်ခဲ့တာကြောင့် ဝေဖန်ခြင်းခံခဲ့ရပါတယ်။ ဆန်ဖရန်စစ္စကိုမှာရှိတဲ့ တိရိစ္ဆာန်များ ညှင်းပန်းနှိပ်စက်မှု ကာကွယ်ရေးရုံးခွဲက Knightscoop စက်ရုံထုတ် ကင်းလှည့် စက်ရုပ်ကို ငှားရမ်းခဲ့တာ ဖြစ်ပါတယ်။

ဆန်ဖရန်စစ္စကိုစီးပွားရေးအဖွဲ့၏ ဖော်ပြချက်အရ အဆိုပါစက်ရုပ်ဟာ အိမ်ခြေရာမဲ့လူများ စက်ရုံများအတွင်း ၀င်ရောက်နေထိုင်ခြင်းများနှင့် အခြားသော ပြသာနာများကို ဖြေရှင်းနိုင်ရန်ရည်ရွယ်၍ ထုတ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

တိရိစ္ဆာန်ညှင်းပန်းနှိပ်စက်မှု ကာကွယ်ရေးခေါင်းဆောင် Jennifer Scarlet ကလည်း ဆန်ဖရန်စစ္စကို စီးပွားရေးအဖွဲ့ကို လုံခြုံရေးကင်းလှည့်သမားများအစား အဆိုပါစက်ရုပ်က အိမ်ခြေရာမဲ့များ၏ ကျူးကျော်ဝင်ရောက်နေထိုင်မှုများကို ဖြေရှင်းရာတွင် ပိုမိုအဆင်ပြေကြောင်း ပြောကြားခဲ့သည်။

 

အဆိုပါစက်ရုပ်ဟာ ကင်မရာ ၄ လုံး ပါရှိပြီး တစ်နာရီကို ၃ မိုင်နှုန်းနဲ့ ရွေ့လျားသွားနိုင်ကြောင်းလည်း သိရသည်။ ထိုစက်ရုပ်သည် တစ်နာရီ မှ ၆ ဒေါ်လာသာ ကုန်ကျသဖြင့် လုံခြုံရေးဝန်ထမ်း တစ်ယောက်ထက် ပိုမိုသက်သာကြောင်းလည်း သိရသည်။

Knightscoop က ၄င်းတို့စက်ရုံထုတ် စက်ရုပ်များသည် တားဆီးရေးများကို လုပ်နိုင်စွမ်းရှိပြီး လုံခြုံမှုအတွက်လည်း ကင်မရာများမှ စောင့်ကြည့်ပေးနိုင်သည်ဟု ဆိုသည်။ ဒါပေမဲ့ လူမှုကွန်ယက်များပေါ်မှာတော့ အဆိုပါစက်ရုပ်များသည် မကောင်းသတင်းများဖြင့်သာ ပြည့်နှက်နေခဲ့ပြီး တိရိစ္ဆာန်ညှင်းပန်းနှိပ်စက်မှု ကာကွယ်ရေးအဖွဲ့ကို အရှက်ရစေခဲ့ပါတယ်။

ဒါ့အပြင် လူမှုရေးကွန်ယက်များပေါ်မှာတော့ အဆိုပါစက်ရုပ်များကို ဖျက်ဆီးသင့်တယ်ဟု အတင်းအကြပ် ဖိအားပေးနေကြောင်း သိရှိရသည်။

 

 



Follow us on