မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဦးဆောင်ကျင်းပတဲ့ ရုပ်ရှင်ညီလာခံကို ဒီဇင်ဘာ (၁၂)ရက်က ရန်ကုန်မြို့ရှိ အမျိုးသားဇာတ်ရုံမှာ ကျင်းပခဲ့ပါတယ်။ရုပ်ရှင်ညီလာခံကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အလွှာ(၁၀)လွှာလုံးက အစည်းအရုံးဝင်တွေတက်ရောက်ခဲ့ပြီး အလွှာတစ်ခုချင်းစီအလိုက်အကြံပြုချက်တွေကို တင်ပြခဲ့ကြပါတယ်။ဒီလိုတင်ပြချက်တွေကိုတင်ပြနိုင်ဖို့ ညီလာခံမကျင်းခင်ကတည်းက အလွှာတစ်ခုချင်းစီက အစည်းအဝေး တွေပြုလုပ်ပြီး အကြံပြုချက်တွေကို စုစည်းကာ ညီလာခံမှာ တင်ပြခဲ့ကြတာဖြစ်ပါတယ်။
ရုပ်ရှင်ညီလာခံရဲ့ ရလဒ်အဖြစ် အလွှာ(၁၀)လွှာက တင်သွင်းတဲ့ အကြံပြုချက်များကို စုစည်းပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဆက်လက်လုပ်ဆောင်ရန်ကိစ်္စ အချက်(၇၁)ချက်၊ နောင်နှစ် အကယ်ဒမီဆုပေးပွဲများအတွက် အကြံပြုချက်(၁၅)ချက်တို့ကို မှတ်တမ်းအဖြစ်ထားရှိပြီး အလွှာအသီးသီးနဲ့ညှိနှိုင်းပြီး ဆက်လက်အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဟာ NGO စစ်စစ်လွတ်လပ်တဲ့ လူထုလူတန်းစားအဖွဲ့အစည်းဖြစ်ကြောင်း၊ရုပ်ရှင်အစည်းအရုံး ဥက်္ကဋ္ဌများဟာ အသက် (၄၀)နှစ်ပြည့်ပြီး သူဖြစ်သင့်ကြောင်း၊အမှုဆောင်သက်တမ်းဟာ တစ်ကြိမ်ကို(၃)နှစ်ဖြစ်သင့်ကြောင်း၊အမှုဆောင်အဖြစ် အရွေးချယ်ခံမည့် သူသည် လုပ်ငန်းလုပ်သက်အနည်းဆုံး(၅)နှစ်ရှိရမည်ဖြစ်ပြီး နောက်ဆုံး(၃)နှစ်ကို တစ်ဆက်ထဲလုပ်ကိုင်နေသူဖြစ်သင့်ကြောင်းစတဲ့ အချက်(၄)ချက်ကို ဒီညီလာခံမှာရုပ်ရှင်လောကသားတွေ သဘောတူဆုံးဖြတ်ခဲ့ကြတယ်လို့သိရပါတယ်။