
မာဆက်ချူဆက် နည်းပညာတက္ကသိုလ်မှ လေ့လာစူးစမ်းသူတွေဟာ အမှောင်ထဲမှ အပင်တွေကို လင်းအောင် ပြုလုပ်တဲ့နည်းကို ရှာဖွေတွေ့ရှိပြီးနောက်မှာတော့ လမ်းမီးတိုင်တွေကို အလင်းပေးနိုင်တဲ့ အပင်တွေနဲ့ အစားထိုးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

အမေရိကန် စွမ်းအင်ထုတ်လုပ်ရေးအဖွဲ့အစည်းမှ လေ့လာရေးအဖွဲ့တစ်ခုရဲ့ ရှာဖွေတွေ့ရှိချက်အရ ပိုးစုန်းကြူးမှရတဲ့ အလင်းထုတ်ပေးနိုင်တဲ့ ဓာတုပစ္စည်းတစ်မျိုးကို အရွက်ထဲထိုးပေးခြင်းဖြင့် အလင်းရောင် တောက်ပအောင်ပြုလုပ် ပေးနိုင်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။
ရေကညွတ်အပင်ကို ဆေးထိုးပေးခြင်းဖြင့်စာအုပ်တစ်အုပ်ကောင်း ကောင်းဖတ်နိုင်လောက်အောင် အလင်ပေးနိုင်ကြောင်းနဲ့ တစ်နေ့မှာ အိမ်တွေ၊ ရုံးနှင့် လမ်းမီးတိုင်တွေကိုပါ လျှပ်စစ်မီးမလိုဘဲ ထွန်းပေးနိုင်မယ်လို့ ယုံကြည်ကြပါတယ်။
မာဆက်ချူဆက် နည်းပညာတက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်တဲ့ မိုက်ကယ် စတာနိုမှ ဒီအပင်ကထွက်တဲ့ အ လင်းရောင်ဟာ ပလပ်တပ်စရာမလိုတဲ့ စားပွဲတင်မီးအိမ်အဖြစ် ကောင်းကောင်းအသုံးပြုနိုင်ကြောင်း ပြောခဲ့ ပါတယ်။

ထို့အပြင် သုတေသနပညာရှင် စတာနိုမှ အပင်တွေကိုယ်တိုင်က သဘာဝစွမ်းအင်အဖြစ် ဒီအလင်းရောင်ကို ထုတ်လုပ်ပေးနိုင်ကြောင်း၊ စမ်းသပ်ခဲ့သမျှအားလုံးဟာ လမ်းမီးတိုင်တွေမလိုဘဲ သစ်ပင်မှထွက်တဲ့ သဘာဝအလင်းရောင်အဖြစ် အိမ်ပတ်ဝန်းကျင်တိုင်း လင်းထိန်နေစေဖို့ဖြစ်ကြောင်း အခုလည်း အခြားအပင်တွေဖြစ်တဲ့ ဂေါ်ဖီနဲ့ ဟင်းနုနွယ်တို့ကို စမ်းသပ်ခဲ့ရာ လေးနာရီမျှသာ လင်းနိုင်သေးကြောင်း၊ တစ်နေ့မှာ အပင်ကိုယ်တိုင် စွမ်းအင်ထုတ်နိုင်ပြီး သက်တမ်းတစ်လျှောက်လုံး အလင်းထုတ်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။
သုတေသနပညာရှင်များကတော့ ထပ်မံစမ်းသက်ခြင်းအားဖြင့် တစ်နေ့မှာ အပင်ကြီးတွေပါ အလင်းထုတ်နိုင် မည်လို့ ယုံကြည်ကြပါတယ်။
comment