1. Home
  2. Good Morning Myanmar

မြောက်ကိုရီးယားနိုင်ငံတွင် (၈)ကြိမ်မြောက်လက်နက်ခဲယမ်းညီလာခံကျင်းပ

Good Morning Myanmar ธ.ค. 15, 2560 view 1,472
မြောက်ကိုရီးယားနိုင်ငံရဲ့(၈)ကြိမ်မြောက်လက်နက်ခဲယမ်းညီလာခံကို ဒီဇင်ဘာ(၁၃)ရက်မှာ စတင်ကျင်းပခဲ့ပြီး ညီလာခံနဲ့ပတ်သက်လို့ သတင်းဖော်ပြတာ အခုတစ်ကြိမ်က ပထမဆုံးအကြိမ် ဖြစ်ပါတယ်။အခုလို မြောက်ကိုရီးယားနိုင်ငံရဲ့(၈)ကြိမ်မြောက်လက်နက်ခဲယမ်းညီလာခံကို နိုင်ငံခေါင်းဆောင်ကင်ဂျုံအန်က အခမ်းအနားကျင်းပရာ ခန်းမကိုဝင်ရောက်ခဲ့တာနဲ့စတင်ခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ လက်နက်ဖွံ့ဖြိုးရေးနဲ့ဖြည့်တင်းရေးဌာနအကြီးအကဲ ဂျန်ချန်းဟာနဲ့ဒုတိယ ဗိုလ်ချုပ်ကြီး ဂျွန်အီဟိုတို့က ခေါင်းဆောင်ကင်ဂျုံအန်ပြောခဲ့တာတွေကို နားထောင်နေခဲ့ကြတာကို မြောက်ကိုရီးယား နိုင်ငံပိုင် KCNA ရုပ်သံဌာနက သတင်းဖော်ပြပါတယ်။
 
 
ညီလာခံဘယ်အချိန်မှာ ပြီးဆုံးမယ်ဆိုတာကိုတော့ KCNA ကအတိအကျ ဖော်ပြမထားပါဘူး။မြောက်ကိုရီးယားနိုင်ငံရဲ့ လက်နက်ညီလာခံကို နိုင်ငံပိုင်မီဒီယာမှာထုတ်ဖော်ပြသခဲ့တာက ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ အခုတစ်ကြိမ်ညီလာခံက နိုဝင်ဘာလကုန်ပိုင်းမှာ မြောက်ကိုရီးယားနိုင်ငံက စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဟွာဆောင်း(၁၅)ဒုံးကျည်ရဲ့ အောင်မြင်မှုကို အသားပေးဆွေးနွေးခဲ့တယ်လို့ KCNA ကသတင်းဖော်ပြပါတယ်။
 
 
ဟွာဆောင်း(၁၅) ဒုံးကျည်အောင် အောင်မြင်စွာပစ်လွှတ်နိုင်ခဲ့ တာက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကြောင့်သာဖြစ်ပြီး ပစ်လွှတ်မှုအောင်မြင်တာ ကြောင့် မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားစွမ်းအားကြီးနိုင်ငံတစ်နိုင်ငံဖြစ်လာပြီဆိုပြီး KCNA သတင်းမှာပါဝင်ပါတယ်။ရေငုပ်သင်္ဘောတွေကနေပစ်လွှတ်ရတဲ့ ပြုဂွတ်ဆောင် (၃)ပဲ့ထိန်းဒုံးကျည်တွေသုံးမှာနဲ့(၇)ကြိမ်မြောက်နျူကလီးယားစမ်းသပ်မှုတွေပြုလုပ်ပြီး မြောက်ကိုရီးယားဘက်က ကျူးကျော်ရန်စမှုတွေပြုလုပ်ဖွယ်ရှိနေလို့ စောင့်ကြည့်မှုတွေပြုလုပ် နေတယ်ဆိုပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။
 
 
https://www.facebook.com/GoodMorningMyanmarLive/videos/2187634461262672/


Follow us on