1. Home
  2. Special or Others

ဇနီးသည်အပေါ်ဝန်တိုစိတ်ကြောင့် သားသမီးနှစ်ဦးကို သတ်ပြီး အဆုံးစီရင်ခဲ့တဲ့ခင်ပွန်း

Special or Others ธ.ค. 15, 2560 view 1,452

တက္ကဆက်မြို့ က အသက် (၉ နှစ်)အရွယ် ယောင်္ကျားလေးနဲ့  (၅ နှစ်)အရွယ် မိန်းကလေး တို့ကို ဖခင်အရင်းက သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက် သူကိုယ်တိုင်လည်း အဆုံးစီရင်ခဲ့မှုတစ်ခု ပြီးခဲ့တဲ့ စနေနေ့က ဖြစ်ပွားခဲ့ပါတယ်။

ဖခင်ဖြစ်သူဟာ မိခင်အပေါ်သဝန်တိုစိတ်နဲ့ တစ်ချိန်လုံး ချုပ်ချယ်နေခဲ့သူဖြစ်ပြီး မိသားစုအတွက် စိတ်ခံစားမှုတစ်ခု အမြဲရှိနေတတ်သူဟု အိမ်နီးချင်းများက ပြောဆိုခဲ့ပါတယ်။

ရဲများ၏ စစ်ဆေးချက်အရ “ကလေးတွေကို ဖခင်ဖြစ်သူက နှစ်လုံးပြူးသေနတ်နဲ့ အရင်ပစ်သတ်ခဲ့ပြီးမှ သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့တာပါ” ဟု ထုတ်ပြန်ခဲ့ပါတယ်။ ကလေးတွေရဲ့မိခင်ဖြစ်သူ Rachel Dawson က စနေနေ့ ည ၇ နာရီဝန်းကျင်မှာ သားသမီးတွေနဲ့ ခင်ပွန်းဖြစ်သူရဲ့ အလောင်းကိုတွေ့ရှိခဲ့ပြီးနောက် ရဲတွေကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

ရဲအဖွဲ့ကစစ်ဆေးပြီးတဲ့နောက်မှာ သူတို့အားလုံးဟာ သေနတ်ဒဏ်ရာများနဲ့ သေဆုံးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။  Rachel ရဲ့အိမ်နီးချင်းဟောင်းနဲ့ သူငယ်ချင်းဖြစ်သူ Ariel Borg က “ကျနော်တို့ သတိတော့ထားမိခဲ့ပါတယ်၊ ဒါပေမဲ့ ဒီလိုဖြစ်သွားလိမ့်မယ်လို့တော့မထင်ခဲ့ဘူး” လို့ ပြောခဲ့ပါတယ်။

သူက Rachel ကိုအရမ်း ချုပ်ချယ်လွန်းတယ်၊ ဘေးနားမှာရှိတဲ့ အိမ်နီးနားချင်းတွေဖြစ်တဲ့ ကျနော်တို့နဲ့တောင် စကားမပြောခိုင်းဘူး” ဟု Borg က KPNX သတင်းဌာနက Chris ကိုပြောကြားခဲ့ပါတယ်။

ကျနော်တို့ သတိထားခဲ့မိပေမယ့် သူများအိမ်တွင်းရေးမို့သာ ဝင်မပြောခဲ့တာပါ၊ ကျနော်တို့ တစ်ခုခု လုပ်ခဲ့သင့်တယ်” လို့ Borg ကပြောခဲ့ပါတယ်။



Follow us on